အားလုံးပဲ မင်္ဂလာပါ။ ကြက်သွန်ဖြူက ဆေးစွမ်းထက်တဲ့ အစားအသောက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း ဒေသတစ်ဝှမ်းမှာ စားသုံးနေကြပါတယ်။

သူ့ကိုစားသုံးဖို့အတွက် ဦးစွာအနေနဲ့ အခွံခွာရပါတယ်။ အရွယ်အစားသေးငယ်တာကြောင့် အခွံခွာရတာ လက်ဝင်တယ်၊ အချိန်ကုန်တယ်ဆိုတဲ့သူများအတွက်ရော အိမ်ရှင်မများအတွက်ပါ အချိန်ကုန်သက်သာစေမယ့် နည်းလမ်းကောင်းလေးတွေကို MyFood Myanmar မှ တဆင့် ပြန်လည်ဝေမျှပေးချင်ပါတယ်။

နည်းလမ်း ၁ – ရေ

ကြက်သွန်ဖြူကို ရေနွေးနွေးထဲမှာ ခေတ္တစိမ်ထားပြီး အခွံခွာမယ်ဆိုရင် မြန်မြန်ခွာနိုင်မှာဖြစ်ပါတယ်။

ဦးစွာအနေနဲ့ ကြက်သွန်ဖြူထိပ်ဖျားကို ဓားနဲ့ဖြတ်လိုက်ပါ။

ပန်းကန်လုံးထဲမှာ ရေနွေးဖြည့်ပြီး ကြက်သွန်ဖြူတစ်မြွှာချင်းစီကို ရေထဲထည့်ကာ ၅ မိနစ်ကြာ စိမ်ထားလိုက်ပါ။

၅ မိနစ်ပြည့်လျှင် ကြက်သွန်ဖြူတွေကိုဆယ်ပြီး အခွံခွာလိုက်ပါ။

နည်းလမ်း ၂ – မိုက်ခရိုဝေ့ဖ်

မိုက်ခရိုဝေ့ဖ်ထဲမှာ အရင်အပူပေးပြီးမှ အခွံခွာခြင်းကလည်း မြန်ဆန်လွယ်ကူလှပါတယ်။

ကြက်သွန်ဖြူထိပ်ကို ဓားနဲ့လှီးဖြတ်ပြီး မီးပြင်းပြင်းနဲ့ မိုက်ခရိုဝေ့ဖ်ထဲမှာ စက္ကန့် ၂၀ လောက်အပူပေးပါ။ အချိန်ပြည့်ရင် မိုက်ခရိုဝေ့ဖ်ထဲမှ ထုတ်လိုက်ပြီး ၁ မိနစ်လောက်အအေးခံပါ။

ကြက်သွန်ဖြူကို အရင်းကကိုင်ပြီး အသားတွေထွက်လာအောင် ညှစ်ထုတ်လိုက်ပါ။ လွယ်လွယ်နဲ့ အသားတွေထွက်လာတာကို မြင်တွေ့ရမှာပါ။

Credit: Fabhow.com