ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီလေ့မရှိပါဘူး။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုနည်းရင် ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။

ဝမ်းပုံမှန်ကောင်းစေချင်ရင် နာနတ်သီးကို တစ်ပတ်မှာ ၃၊၄ကြိမ်လောက်စားပေးသင့်ပါတယ်။

beneficios-de-la-piña

နာနတ်သီးဖျော်ရည် ၂၅၀ ml မှာဆိုရင် အမျှင်ဓာတ်ပါဝင်မှု ဝ.၅ ဂရမ်ပါဝင်တာကြောင့် ဝမ်းချုပ်တာကြာနေရင် တစ်ရက်ကို ၈ ခွက် (၁လီတာခွဲလောက်) သောက်သုံးသင့်ပါတယ်။

အကယ်၍ ခရီးသွားတာတို့ အစားအသောက်ပြောင်းလို့ ၁ရက်၊ ၂ရက်လောက် ဝမ်းချုပ်တာမျိုးဆိုရင်လည်း မနက်မိုးလင်း ဘာမှမစားခင်မှာ နာနတ်သီးဖျော်ရည် တစ်ခွက်သောက်ပြီး ရေ 200 ml လောက်ထပ်သောက်လိုက်ပါ။ ဒါဆိုရင် ဝမ်းသွားပါလိမ့်မယ်။

ကလေးတွေဆိုရင် နာနတ်သီး ဖျော်ရည် ခွက်တစ်ဝက်လောက်သောက်ပြီး ရေ ခွက်တစ်ဝက်လောက်ထပ်သောက်ပါ။

blanquear-dientes-con-piña-500x344

နာနတ်သီးရဲ့ အကျိုးကျေးဇူးများ

  • အဆီတွေကို လောင်ကျွမ်းနိုင်တာကြောင့် အဝလွန်နေတဲ့သူတွေ စားသုံးသင့်ပါတယ်။
  • ရောင်ရမ်းတာတွေ သက်သာစေတာကြောင့် ဂေါက်ရောဂါနဲ့ အဆစ်အမြစ်ရောင်ရမ်းသူတွေ စားပေးသင့်။
  • ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေ။

pina-500x334

  • ခန္ဓာကိုယ်က သံဓာတ်စုပ်ယူအားကောင်းစေ။
  • သွေးကြောထုံးတာတွေကို ကာကွယ်ပေး။
  • သွေးတိုးတာကို ကာကွယ်ပေး။