အားလုံးပဲမင်္ဂလာပါနော်။ ပန်းသီးတို့ သစ်တော်သီးတို့ လို အသီးအနှံတွေ လှီးပြီးရင် ဧည့်သည်ကို ဧည့်ခံတာ ခဏပဲရှိသေး အညိုရောင်ပြောင်းသွားလို့ စိတ်ညစ်နေကြပြီလား။ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေရှိတယ်နော်။

ဒီတခါ လှီးထားတဲ့ သစ်သီးတွေကို အညိုရောင်ပြောင်းမသွားအောင် ပြုလုပ်လို့ရမယ့် နည်းလမ်း ၃ သွယ်ကို မျှဝေပေးချင်ပါတယ်နော်။

ဆားရေ

အရင်ဆုံး ရေ ၂ ခွက်ထဲကို ဆား လက်ဖက်ရည်ဇွန်းနဲ့ နည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ သေချာမွှေပေးလိုက်ပါ။

ပြီးရင် လှီးထားတဲ့ အသီးကိုထည့်ပြီး ၅ မိနစ်လောက် စိမ်ထားလိုက်ပါ။ အဲဒါဆို ပြန်ဆယ်ပြီး ရေစစ်ပေးလိုက်ပါ။ နာရီအတော်ကြာ အထားခံပါတယ်နော်။ စားခါနီး ရေနဲ့ ထပ်ဆေးလိုက်လို့ရပါတယ်နော်။

ပျားရည်

ရေနွေးနွေးတစ်ခွက်ထဲကို ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းထည့်လိုက်ပါ။ ပြီးရင်သေချာလေး မွှေပေးလိုက်ပြီး လှီးထားတဲ့ အသီးကို ထည့်ပေးလိုက်ပါ။ စက္ကန့် ၃၀ လောက်စိမ်ပေးပြီး ဆယ်ပေးလိုက်ပါ။

သံပယိုသီး (သို့) သံပရာသီး

ရေတစ်ခွက်ထဲကို သံပယိုရည် (သို့) သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လိုက်ပါ။ လိမ္မော်ရည်ကိုလည်း သုံးနိုင်ပါတယ်။ ပြီးရင်တော့ သေချာလေး မွှေပေးလိုက်ပါ။

အဲဒီနောက် လှီးထားတဲ့အသီးကို စိမ်ပေးလိုက်ပါ။ ၅ မိနစ်လောက်စိမ်ထားပြီး ပြန်ဆယ်လိုက်ပါ။

Source: www.febhow.com

Featured Image Source: food-hacks.wonderhowto.com