ဆေးဖက်လည်းဝင် စားလို့လည်းကောင်းတဲ့ ပူစီနံပင်ကို စားခါနီးမှ ခူးစားပြီး လတ်လတ်ဆတ်ဆတ် စားချင်ပါသလား။ နေရာသိပ်မယူဘဲ ကိုယ့်အိမ်ထဲမှာပဲ စိုက်လို့ရမယ့် နည်းလမ်းလေးကို မျှဝေချင်ပါတယ်။

preparing-mint-cuttings-for-propogation-jpg

ပူစီနံပင်ကို ဈေးက ဝယ်လာပြီး စားတဲ့အခါ နှစ်ပင်လောက်ကို ချန်ထားပါ။

how-to-regrow-mint-jpg

ပြီးရင် ရေအနည်းငယ် ဖြည့်ထားတဲ့ ခွက်ထဲကို စိုက်ထားပါ။

တစ်ပတ်ကြာပြီချိန်မှာ ခွက်ထဲက အပင်လေးရဲ့ ပြောင်းလဲမှုကို လေ့လာပါ။ အမြစ်ပုံစံလေး ထွက်ချင်နေပါပြီ။

how-to-naturally-propogate-mint-jpg

နှစ်ပတ်ကြာပြီးချိန်မှာတော့ အမြစ်လေး စထွက်လာပါပြီ။ နှစ်ပင်မှာ တစ်ပင်က အရွက်လေးတွေ ခြောက်သွားခဲ့ရင်တော့ အမြစ်ထွက်လာမှာ မဟုတ်ပါဘူး။

planting-mint-cutting-jpg

အမြစ်ထွက်လာတဲ့ အပင်ကို ယူပြီး မြေဆွေးထည့်ထားတဲ့ အိုးထဲကို ထည့်ပါ။ အမြစ်ကိုဖုံးအောင် မြေကြီး အုပ်ပေးပြီး ရေအနည်းငယ်လောင်းပါ။

တစ်လလောက်အတွင်း ရေမှန်မှန်လောင်းပေးပြီး နေရောင်နုနု ရှိတဲ့နေရာမှာ ထားပါ။

regrowing-mint-from-cuttings

၆လလောက် ကြာတဲ့အခါ ပူစီနံခင်းကြီး အိမ်မှာ ရောက်နေသလို ဖြစ်လာပါလိမ့်မယ်။