ပျားရည်ဟာ ဆေးဖက်ဝင်တဲ့အပြင် အလှအပအတွက်လည်း အသုံးဝင်တာကြောင့် ဝယ်လိုအား ကောင်းလှပါတယ်။ ပျားရည်ကို အစစ်ရအောင် နယ်ကနေ မှာတာတို့ ဘာတို့ လုပ်ကြပါတယ်။ ပျားရည်အစစ်ကို မသုံးမိရင် ဆေးဖက်မဝင်တဲ့အပြင် ဆိုးကျိုးတွေပါ ရနိုင်တဲ့အတွက် သိပ်တော့မကောင်းလှပါဘူး။ ဒါကြောင့် ပျားရည် အတုအစစ် ခွဲနည်းလေး မျှဝေပေးလိုက်ရပါတယ်။ သူငယ်ချင်းတို့လည်း သိတဲ့နည်းလမ်းတွေကို မျှဝေပေးခဲ့ပါဦး။

pure-honey

ပျားရည်အစစ်

– ပျားရည်အစစ်ဟာ အမြုပ်မရှိပါဘူး။

– ကြာသွားပေမယ့်လည်း ပျားရည်ဟာ ပျစ်နေပါတယ်။

– ချောမွေ့တဲ့ ပုံပန်းသဏ္ဍန် ရှိပါတယ်။

– ပျားရည်ကို ပုလင်းထဲ ထည့်ထားရင် အလွှာတွေ အနေနဲ့ ရှိမနေပါဘူး တစ်စုတစ်စည်းထဲ ရှိပါတယ်။

– ပျားရည်အစစ်ဟာ ပုလင်းထဲမှာ အပြည့်ထည့်ထားရင် အပူလွန်ကဲတတ်ပါတယ်။

– ပျားရည်တစ်ဇွန်းနဲ့ စားဆီတစ်ဇွန်း ရောမွေရင် ပျားရည်တစ်ဇွန်းပဲ ရပါတယ်။

– စက္ကူပေါ်မှာ ပျားရည်ကို တင်ကြည့်ရင် စက္ကူကို ဖောက်ပြီး ပေါက်မကျဘဲ ဘေးကိုပဲ အစိုပြန့်သွားပါတယ်။

how-to-recognize-pure-honey-test

ပျားရည်အတု

– အတုမှာ အမြုပ်တွေ ရှိတတ်ပါတယ်။

– မပျစ်ဘဲ အရည်ကျဲတယ်။

– တစ်ခါတရံ ချဉ်တဲ့အနံ့ ရတတ်ပါတယ်။

– ထည့်ထားတာ ကြာရင် အလွှာလိုက်လေးတွေ ဖြစ်နေတတ်ပါတယ်။

အိမ်မှာ ရှိနေတဲ့ ပျားရည်တွေကို အတုအစစ် ခွဲချင်ရင်တော့ ပျားရည် တစ်ဇွန်းအပြည့် ယူပြီး ရေခွက်ထဲ လောင်းထည့်ပါ။ ပုံမှာ ပြထားတဲ့ အတိုင်း အပေါ်ကနေ လောင်းထည့်ပါ။ ပျားရည်အစစ်ဟာ တစ်ဆက်တည်း တွဲပြီး ကျနေပါလိမ့်မယ်။ ဘယ်ဘက်က တစ်ခုဟာ အစစ်ပါ။ ပျားရည် အတုတွေဟာ နေရာတိုင်းမှာ တွေ့နေရပါတယ်။ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယ ကနေ ဝင်လာတဲ့ ပျားရည်တွေမှာ အတုနဲ့ အစစ် ခွဲရခက်တဲ့ အမျိုးအစားတွေ ပါတတ်ပါတယ်။ ဒါကြောင့်ဆေးအနေနဲ့ သုံးဖို့ ဝယ်တဲ့ အခါ အထူး ဂရုစိုက်ပြီး ဝယ်ဖို့ လိုပါတယ်။

Source: cuisineandhealth