ကျော်မသွားနဲ့ ဖတ်ပါ။ မိမိ Friends များအတွက် ရှယ်ပေးပါ။ အရင်အပတ်က နှလုံးသွေးကြော ပိတ်ဆို့ရတဲ့ အကြောင်းရင်းတွေကို ပြောပြခဲ့တယ်။

ဒီအပတ်မှာတော့ အဲဒီ့လို ပိတ်ဆို့နေတာကို အလွယ်တကူ ရှင်းထုတ်ပစ်နိုင်တဲ့ နည်းကောင်းတစ်ခုကို ပေးပါမယ်။
America မှာ ချမ်းသာတဲ့ တရုတ်လူမျိုး တစ်ယောက် ရှိပါတယ်။ ဝက်သား၊ အမဲသား၊ ဘဲသားစတဲ့ ကုန်းသတ္တဝါအသားတွေကို ကြိုက်နှစ်သက်လို့ အမြဲတန်းစားလေ့ရှိသူပေါ့။ လှုပ်ရှားမှုကလည်း သိပ်မရှိဘဲ ဇိမ်ခံတာသာ များတယ်။ အသက်နဲနဲ ရလာတော့ ရင်ဘတ်က အောင့်အောင့်လာတယ်။ ဒါနဲ့သူလည်း ဆရာဝန်ကိုသွားပြရတာပေါ့။ ဆရာဝန်ကစစ်ကြည့်လိုက်တော့ နှလုံးသွေးကြောတွေ ၃ချောင်းလုံး 90% ပိတ်နေပြီ။ ခွဲစိတ်ကုသမှရမယ်ဆိုပြီး သူကိုရက်ချိန်းပေးလိုက်ပါတယ်။ သူလည်း စိတ်တော်တော်ညစ်သွားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးဆရာကြီးတွေဆီကို သွားပါတယ်။

တိုင်းရင်းဆေး ဆရာကြီးက နေ့စဉ် ကြွက်နားရွက်မှိုကို စားခိုင်းပါတယ်။ ဘာဟင်း ချက်ချက် ကြွက်နားရွက်မှို သုံးလေး ခုလောက် ထည့်ချက်ပြီး စားခိုင်းတော့ သူလည်း မပျက်မကွက် စားပါတယ်။ ဒီလိုနဲ့ ၃ပတ်အကြာ ဆရာဝန်ဆီ ပြန်ပြတော့ သူ့ရဲ့ပိတ်နေတဲ့ နှလုံးသွေးကြော ၃ချောင်းလုံးဟာ လုံးဝ ပြန်ပွင့်သွားတာကို တွေ့ရပါတယ်။ ဆရာဝန်က မယုံလို့ အကြိမ်ကြိမ် ပြန်စစ်ပေမဲ့ အံ့သြစွာ ကောင်းလောက်အောင်ပင် သွေးကြောတွေ ရှင်းလင်း ကောင်းမွန်နေတာ တွေ့ရတော့ ခင်ဗျားဘယ်လိုများ လုပ်လိုက်တာလဲဗျာလို့ကို မေးယူရပါတယ်။ ဟုတ်ကဲ့၊ ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ ကြွက်နားရွက်မှိုကို နေ့စဉ် နဲနဲစီ စားခဲ့တာပါပဲဗျာလို့ သူက ပြန်ပြောတော့ ဆရာဝန်က သူ့ကို အကြိမ်ကြိမ် လက်ဆွဲ နှုတ်ဆက်လိုက်ရပါတယ်။

Wood Ear Mushoorms Image

နှလုံးသွေးကြော ပိတ်ဆို့မှုကို အလွယ်တကူ ဖြေရှင်းပေးလိုက်တာ ကတော့ ကြွက်နားရွက်မှိုပဲ ဖြစ်ပါတယ်။ သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အနည်အနှစ်တွေကို ကြွက်နားရွက်မှိုက လွယ်ကူစွာ ရှင်းလင်းပေးပါတယ်။ဝက်သားကြိုက်တဲ့ တရုတ်တွေ အသက်ရှည်ကြတာဟာ ကြွက်နားရွက်မှို စားလို့လည်း ပါပါတယ်။

ကျွန်တော်တို့ မြန်မာတွေ ရှေးတုန်း ကတည်းက အသက်ရှည်ခဲ့ကြတာလည်း ကြွက်နားရွက်မှို စားခဲ့လို့ပါပဲ။မြန်မာ့ရိုးရာ အစားအစာ တစ်ခုဖြစ်တဲ့ ကြာဆံဟင်းခါးထဲမှာ ကြွက်နားရွက်မှို ထည့်စားကြပါတယ်။

အသက်ရလာပြီဆိုရင် သွေးကြောတွေထဲမှာ အနည်တွေ ထိုင်လာပြီး သွေးကြောကျဉ်းလာကြတာချည်းပဲ။ အဲဒီ့ရောဂါနဲ့ပဲ သေကြရတာလည်း များပါတယ်။ ကြွက်နားရွက်မှိုက အဲဒီပြဿနာကို ကောင်းကောင်း ဖြေရှင်းပေးပါတယ်။ အိမ်မှာ လူကြီး မိဘတွေရှိရင် ကြွက်နားရွက် မှိုကို ကျွေးပါ။ အသက်ရှည် ပါလိမ့်မယ်။ ကိုယ်အလေးချိန်များလို့ အဆီချချင်သူ တွေ အတွက်လည်း ကြွက်နားရွက်မှိုက လက်နက်ကောင်း တစ်ခုပါပဲ။ အမှန်တကယ်ကို အဆီကျပါတယ်။ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ်လောက် ကြာဆံဟင်းခါး ချက်စားပေးရင် အများကြီး အကျိုးရှိပါတယ်။ ကြွက်နားရွက်မှိုကို စားတဲ့အခါမှာ သေသေချာချာ ညက်အောင်ဝါးပေးဖို့တော့ လိုပါတယ်။ ဒါမှ သူ့အထဲက ကောင်းတဲ့ ဓာတ်တွေ ထွက်လာမှာ ဖြစ်တယ်။ အမြဲတန်း စားပေးရင် သွေးကြဲဆေး သောက်နေရသူတွေတောင် ဆေးသောက်ဖို့ မလိုတော့အောင် ကောင်းနေ ပါလိမ့်မယ်။ သွေးကြောလည်းရှင်း အဆီလည်းကျဆိုတော့ ကျန်းမာရေးလည်းကောင်း လူလည်းလှတာပေါ့။

Credit: သင့်အတွက်ကျန်းမာရေး