သွားတွေ ပျက်စီးခြင်း၊ သွားပိုးစားခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သကြားနဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေကြောင့်ပါ။ ဒီအစားအစာတွေ စားသုံးပြီး ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ စားကြွင်းစားကျန်တွေကို ဘက်တီးရီးယားပိုးတွေက စားသုံးပြီး အက်ဆစ်ထွက်လာပါတယ်။ အဲဒီကတဆင့် သွားအခေါင်းပေါက်တွေဖြစ်ပေါ်လာစေပါတယ်။

ဒီတခါမှာတော့ သင့်မိသားစုဝင်အတွင်း သွားပိုးပေါက်ဖြစ်ခြင်းမှ ကာကွယ်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

သကြားစားသုံးမှု လျှော့ချပါ

သကြားစားသုံးမှုကို လျှော့ချဖို့ အရေးကြီးပါတယ်။ ထို့အတူပဲ သကြားပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးမှုကို လျှော့ချသင့်ပါတယ်။

အချဉ်စားသုံးမှု လျှော့ချပါ

Citrus ပါတဲ့ သံပရာသီး၊ သံပယိုသီး၊ ရှောက်သီး၊ ကျွဲကောသီး စတဲ့ အသီးတွေ စားသုံးမှုကိုလည်း လျှော့ချပေးသင့်ပါတယ်။  အချဉ်အများကြီးစားတာကလည်း သင့်ရဲ့ သွားအတွက်မကောင်းပါဘူး။

နို့ထွက်ပစ္စည်းနဲ့ အာဟာရကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ

သင့်မိသားစု သွားကျန်းမာရေးအတွက် ချိစ်၊ နွားနို့ စတဲ့ နို့ထွက်အစားအစာတွေ၊ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးပေးသင့်ပါတယ်။ ထောပတ်သီး၊ သံလွင်ဆီ၊ ငါး စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ Omega 3 ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးနိုင်ပါတယ်။

အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ

အစာစားပြီးတိုင်း သင့်သွားကြားလေးတွေနဲ့ ခံတွင်းမှာ ကျန်ရစ်ခဲ့တဲ့ စားကြွင်းစားကျန်တွေကို သန့်စင်ပေးဖို့ ပလုတ်ကျင်းပေးဖို့ လိုအပ်ပါတယ်။ အစာစားပြီးတိုင်း ရေနဲ့ သေချာ ပလုတ်ကျင်းပေးလိုက်မယ်ဆိုရင်တော့ သွားတွေ ပျက်စီးခြင်း၊ သွားပိုးစားခြင်းကနေ အထိုက်အလျောက်ကာကွယ်ပြီးသားဖြစ်နေမှာပါ။

သွားပိုးပေါက်ဖြစ်ခြင်းမှကာကွယ်ပေးတဲ့ သွားတိုက်ဆေးသုံးပါ

ဖလိုရိုက်ဒ်နဲ့ မိုက်ခရိုကယ်လ်ဆီယမ် ပါဝင်တဲ့ ဆစ်ဂနယ်လိုမျိုး သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ်သွားတိုက်ပေးခြင်းဖြင့် သွားများကို မနက်မှာလည်း အစားအသောက် အကြွင်းအကျန်များကြောင့် သွားပိုးပေါက်ဖြစ်ခြင်းကို ကာကွယ်ပေးပြီး ညဘက်မှာလည်း သွားမျက်နှာပြင်ပေါ်မှာရှိတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ အပေါက်ငယ်လေးတွေကို ရှာဖွေပြုပြင်ပေးပါတယ်။