မီးဖိုချောင်ဝင်ရတဲ့ လူအများစု အစားအစာတွေကို လွှင့်ပစ်ရတာ အင်မတန် နှမြောကြတဲ့ လူတွေပါ။ တချို့အစားအစာတွေဟာ မကုန်နိုင်တော့တဲ့ အခါ ဒီအတိုင်းထားရင်း စားလို့မရတော့တာတွေ ဖြစ်တတ်ပါတယ်။ အဲ့လို မဖြစ်ရစေဖို့ နည်းလမ်းလေးတွေ မျှဝေချင်ပါတယ်။

ငှက်ပျောသီး

သိပ်မမှည့်သေးတဲ့ ငှက်ပျောသီးတွေကို ဝယ်မယ်ဆိုရင်တော့ အစားအစာတွေကို ဖုံးအုပ်တဲ့ ပလပ်စတစ် အပါးလေး နည်းနည်း လိုပါတယ်။ ပြီးရင်တော့ ငှက်ပျောသီးတွေကို တစ်လုံးချင်း ချွေပါ။ အဖီးလိုက် ဖြစ်မနေစေဖို့ပါ။

ငှက်ပျောသီး တစ်လုံးချင်းစီးရဲ့ အညှာတွေမှာ ပလပ်စတစ် အပါးလေးကို သေချာ ပတ်လိုက်ပါ။ ကဲ ရပါပြီ။ ဒါဆို အမှည့်နှေး သွားစေမှာ ဖြစ်လို့ အဝါရောင်လေး အတိုင်း ၄ရက်ထက်ပိုပြီး ကြာကြာ စားလို့ရပါပြီ။ ခဏလေးနဲ့ အမှည့်လွန်ပြီး မဲသွားလို့ လွှင့်ပစ်ဖို့ မလိုတော့ပါဘူး။

ထောပတ်သီး

ထောပတ်သီးတွေကို အနေတော် အချိန်လေးမှာ ခွဲပြီး တစ်ခြမ်းပဲ စားလိုက်တယ် တစ်ခြမ်းကို ဒီအတိုင်း ထားမယ်ဆိုရင် မဲသွားတတ်တာလေးတွေ ဖြစ်ဖူးကြမှာပါ။ စိတ်မပူပါနဲ့တော့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်လိုက်ပါ။ လှပနေဆဲ ထောပတ်သီးလေးကို မြင်ရပါလိမ့်မယ်။ သူ့မှာ နည်းလမ်းကတော့ ၃ခု ရှိပါတယ်။

၁။ ထောပတ်သီးတွေကို လေလုံတဲ့ ဘူးတစ်ခုထဲမှာ လှီးထားတဲ့ ကြက်သွန်နီတွေနဲ့ အတူ ထားပါ။ လှီးထားတဲ့ ကြက်သွန်နီအပေါ်မှာ အခြမ်းလိုက်လေး တင်ထားပါ။ ကြက်သွန်မှာ ပါတဲ့ ဓာတ်ဟာ ထောပတ်သီးရဲ့ မျက်နှာပြင်ကို အနည်းဆုံး ၂ရက်တော့ စိမ်းနေဖို့ အထောက်အပံ့ပေးပါတယ်။

Avocado

၂။ နောက်တစ်နည်းကတော့ လေလုံတဲ့ ဘူးထဲမှာ ထည့်ထားမယ်ဆိုရင် မျက်နှာပြင်ကို သံလွင်ဆီလေး ခပ်ပါးပါး အနှံပွတ်ထားပေးပါ။ ပြီးရင် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ရပါတယ်။

၃။ နောက်ဆုံးနည်းကတော့ သံပုရာရည်ပါ။ သံပုရာရည် နည်းနည်းကို မျက်နှာပြင်ဘက်ခြမ်းကို ဖြန်းပေးပါ။ လေလုံတဲ့ဘူးကို သုံးမယ့်အစား အစားအစာအုပ်တဲ့ ပလပ်စတစ်အပါးလေးကိုပဲ သုံးပေးပါ။

ကဲ..အိမ်ရှင်မတွေရေ တစ်ဝက်ပဲ စားပြီး မကုန်နိုင်လို့ လွှင့်ပစ်ရတယ်ဆိုတဲ့ အဖြစ်တွေကနေ ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Credit: www.zergnet.com