ဟင်းတွေ နွေး၊ ဟင်းတွေချက်ပြီး မိုက်ခရိုဝေ့က ဟင်းတွေ ပေကျံ၊ ဟင်းစော်တွေ နံတာမျိုးတွေဖြစ်ပြီး ကျန်ခဲ့ပါတယ်။

အလျင်အမြန်နဲ့ မိုက်ခရိုဝေ့ကို သန့်ရှင်းရေးလုပ်နိုင်တဲ့နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

သံပုရာသီး ၁ လုံး

မိုက်ခရိုဝေ့ ထဲထည့်လို့ရတဲ့ ခွက်

ရေ

လုပ်ဆောင်နည်း

မိုက်ခရိုဝေ့ကို အလွယ်တကူ သန့်ရှင်းရေး လုပ်နိုင်သည့် နည်းလမ်း

အရင်ဆုံး မိုက်ခရိုဝေ့ထဲမှာ ပေကျံနေတာတွေကို သုတ်လိုက်ပါ။

ခွက်ထဲကို ရေ ၃ ပုံ ၄ ပုံလောက် ပြည့်အောင် ထည့်လိုက်ပါ။ ပါးပါးလှီးထားတဲ့ သံပုရာသီး ၅ ခုကနေ ၁၀ ခုလောက်ထည့်လိုက်ပါ။ ရေထဲကိုလည်း သံပုရာသီးကို ညှစ်ထည့်ထားပါ။

ခုနက ဇလုံကို မိုက်ခရိုဝေ့ထဲထည့်ပြီး ၅ မိနစ်လောက် Timer ပေးပြီး လှည့်ထားလိုက်ပါ။ ခွက်ထဲက ရေက ဆူပွက်လာသလားဆိုတာ ၁ မိနစ်ခြား တစ်ခါ ကြည့်ပါ။

ရေက ဆူပွက်လာပြီဆိုရင် မိုက်ခရိုဝေ့ကို ရပ်လိုက်ပါ။ မိုက်ခရိုဝေ့ကို တံခါးကို မဖွင့်ပါနဲ့။ အထဲမှာ ရေခိုးငွေ့တွေဖြစ်လာအောင် စောင့်ပါ။ ၁ မိနစ်၊ ၂ မိနစ်လောက်စောင့်ပါ။ ပြီးမှ ခွက်ကို ဖယ်လိုက်ပါ။

လှည့်တဲ့ အောက်ခံအပြားကို ဖယ်ပြီး ဆပ်ပြာနဲ့ ရေနဲ့ ဆေးကြောပါ။ ပြီးရင် မိုက်ခရိုဝေ့အထဲကို အဝတ်ခြောက်နဲ့သုတ်လိုက်ပါ။

ဒါဆိုရင် သန့်ရှင်း ပြီး မွှေးရနံ့သင်းတဲ့ မိုက်ခရိုဝေ့လေးကို ရမှာဖြစ်ပါတယ်။