အစိမ်းရင့်ရောင် ပန်းဂေါ်ဖီစိမ်းတွေမှာ ဖိုက်ဘာတွေအပြည့်ရှိပြီး အဆီမပါဝင်သလောက်ပါ။ ဗီတာမင်စီ၊ အီ၊ အေ တို့နှင့် ကယ်လ်စီယမ်၊ သံဓာတ်၊ ဇင့် အစရှိတဲ့ သတ္တုဓာတ်တွေလည်း အလွန်ကြွယ်ဝပါတယ်။ အရိုးတွေကို ကျန်းမာသန်စွမ်းစေပြီး အနာများကို အကျက်မြန်စေပါတယ်။

သစ်ပင်ပုံသဏ္ဍာန်ရှိတဲ့ ပန်းဂေါ်ဖီစိမ်းကို ပုံစံအမျိုးမျိုးနဲ့ စားသုံးနိုင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ သည့်အတွက် လူများက ဝယ်ထားလေ့ရှိသော်ငြားလည်း ကြာကြာခံအောင်တော့ ဘယ်လိုထားရမယ်မှန်း မသိကြပါဘူး။

ဒါကြောင့် ဝယ်ထားပြီး ရက်အနည်းငယ်အကြာမှာ မလွှင့်ပစ်ရစေဖို့ နည်းလမ်းကောင်းလေးကို ဝေမျှလိုက်ရပါတယ်။

ရေခရားထဲစိမ်ခြင်း

ပန်းပွင့်လေးများလိုပဲ ပန်းဂေါ်ဖီစိမ်းသည်လည်းပဲ ရေရှိတဲ့ ခရားထဲထည့်ပြီး သိမ်းထားနိုင်ပါတယ်။ ရိုးတံမှနေပြီး ရေကိုဆက်လက်စုပ်ယူမှာဖြစ်လို့ အချိန်ကြာကြာ စိမ်းလန်းနေမှာပါ။ ဒါပေမယ့်လည်း နေ့စဉ်တော့ ရေလဲပေးဖို့လိုအပ်ပါတယ်။

လိုအပ်သည့်ပစ္စည်းများ

ရေခရား

ပန်းဂေါ်ဖီစိမ်း

ရေ

ခရားထဲကို ရေတစ်ဝက်ဖြည့်ပါ။ ရေအေးကိုလည်း အသုံးပြုပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်းရဲ့ အရိုးတံကို ရေထဲသို့နှစ်လိုက်ပါ။

ခရားကို ရေခဲသေတ္တာရဲ့ အေးတဲ့နေရာမှာ ထားပေးပါ။

ပုပ်သွားမှုမရှိစေရန်အတွက် နေ့စဉ်နေ့တိုင်း ရေမှန်မှန်လဲပေးပါ။

ဤနည်းလမ်းကို အသုံးပြုပြီး ပန်းဂေါ်ဖီစိမ်းတွေကို သိမ်းဆည်းမယ်ဆိုရင် သုံးရက်မှငါးရက်အထိ အကောင်းပကတိရှိနေမှာပါ။

မှတ်ချက်။ ။ ပန်းဂေါ်ဖီစိမ်းကို မချက်သေးဘဲ သိမ်းထားလိုတယ်ဆိုရင် ရေမဆေးပါနဲ့။ အစိုဓာတ်စုအောင်းသွားမယ်ဆိုရင် ပန်းပွင့်များတွင် မှိုတက်လာနိုင်ပါတယ်။

Credit: FabHow