မနက်စာအနေနဲ့ လူများစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ ပေါင်မုန့်မီးကင်ကလည်း မပါမဖြစ်ပါ။ အချို့သူများက ပေါင်မုန့်မီးကင်စားလိုကြပေမယ့်လည်း ပေါင်မုန့်မီးကင်စက်က ဈေးကြီးလို့ဖြစ်စေ၊ ပျက်သွားလို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် အခွင့်အရေးမရကြတာတွေရှိပါတယ်။

ဒါပေမယ့် မပူပါနဲ့။ ပေါင်မုန့်မီးကင်စက်မရှိလည်း လက်ကိုင်ပါဒယ်အိုးတစ်လုံးရှိရုံနဲ့ ပေါင်မုန့်မီးကင်ကို အခက်အခဲမရှိ စားသုံးနိုင်ပြီဖြစ်လို့ နည်းလမ်းလေးကို အခုပဲ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

နည်းလမ်း (၁) – ထောပတ်မပါဘဲ

အီစိမ့်တာကိုမကြိုက်သူတွေ၊ မတည့်သူများအတွက် ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။

လိုအပ်သည့်ပစ္စည်းများ

  • မကပ်သည့် လက်ကိုင်ပါဒယ်အိုး
  • ယောက်မ
  • ပေါင်မုန့်ချပ်
  • ယို (နှစ်သက်ရာ)
  • ပန်းကန်ပြား

ချက်ပြုတ်ပုံ

ဒယ်အိုးကို မီးအေးအေးနဲ့ ၁ မိနစ်လောက်အပူပေးပါ။

ဒယ်အိုးပူလာပြီဆိုရင် ပေါင်မုန့်ချပ်ကိုတင်လိုက်ပါ။

မျက်နှာပြင်ညီညာစေဖို့ ယောက်မနဲ့ ဖြည်းဖြည်းချင်းလိုက်ဖိပေးပါ။

မီးအေးအေးမှာ အချိန်၂ မိနစ်ပြည့်အောင် ကင်ပြီးရင် နောက်တစ်ဖက်ကိုလှန်လိုက်ပါ။

နောက်တစ်ဖက်ကိုလည်း ရွှေညိုရောင်သမ်းသည်အထိ မီးအေးအေးနဲ့ ကင်ပေးပါ။ ထုံးစံအတိုင်း အနားတွေကို ယောက်မနဲ့လိုက်ဖိပေးပါ။

လိုချင်တဲ့အရောင်ဖြစ်သွားပြီဆိုရင် ပေါင်မုန့်ချပ်ကို ပန်းကန်ထဲထည့်လိုက်ပါ။ ဆန္ဒရှိသလောက် ပေါင်မုန့်များကို ထပ်ကင်ပြီးရင် ကိုယ်နှစ်သက်ရာ ယိုကိုသုပ်ပြီး အရသာရှိရှိ စားသုံးနိုင်ပါပြီ။

နည်းလမ်း (၂) – ထောပတ်ကို အသုံးပြုခြင်း

ထောပတ်ကိုမထည့်သွင်းဘဲ ပေါင်မုန့်မီးကင်ပဲစားသုံးခြင်းက ကျန်းမာရေးနဲ့မညီညွတ်ပေမယ့် အရသာရှိဖို့အတွက်ဆိုရင်တော့ ထည့်သွင်းစားသုံးကြပါတယ်။

လိုအပ်သည့်ပစ္စည်းများ

မကပ်သည့် လက်ကိုင်ပါဒယ်အိုး

ယောက်မ

ပေါင်မုန့်ချပ်

ထောပတ်

ငရုတ်ကောင်းမှုန့်

ပန်းကန်ပြား

ပြင်ဆင်ချက်ပြုတ်ပုံ

ဒယ်အိုးကို မီးအေးအေးနဲ့ ၁ မိနစ်လောက်အပူပေးပါ။

ပေါင်မုန့်မျက်နှာပြင်တစ်ဖက်မှာ ထောပတ်သုတ်ပေးပါ။

ထောပတ်သုတ်ထားတဲ့ မျက်နှာပြင်ကို အောက်မှာထားပြီး ဒယ်အိုးထဲထည့်လိုက်ပါ။

မျက်နှာပြင်ညီညာစေဖို့ ယောက်မနဲ့ ဖြည်းဖြည်းချင်းလိုက်ဖိပေးပါ။

အပေါ်ရှိပေါင်မုန့်မျက်နှာပြင်ကုလည်း ထောပတ်ကို ညီညာစွာသုတ်ပေးပါ။

နှစ်မိနစ်ကြာရင် နောက်တစ်ဖက်လှန်လိုက်ပါ။

နောက်တစ်ဖက်ကိုလည်း ရွှေညိုရောင်သမ်းသည်အထိ မီးအေးအေးနဲ့ ကင်ပေးပါ။ ထုံးစံအတိုင်း အနားတွေကို ယောက်မနဲ့လိုက်ဖိပေးပါ။

နှစ်ဖက်စလုံး ရွှေညိုရောင်သမ်းလာပြီဆိုရင် ပန်းကန်ထဲထည့်လိုက်ပြီး ကြိုက်နှစ်သက်ရာ ယိုနှင့် သုတ်ပြီးတော့ဖြစ်ဖြစ်၊ ဒီအတိုင်းဖြစ်ဖြစ် အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Credit: FabHow