ဟင်းချက်လို့ အိုးပူကပ်မိတာ၊ ဆီပူလောင်တာတွေအတွက်ဆို အရင်က သွားတိုက်ဆေးကို အသုံးပြုကြပါတယ်။

အရင်ခေတ်က သွားတိုက်ဆေးတွေက အဆင်ပြေပေမယ့် အခုနောက်ပိုင်းထုတ်တဲ့ သွားတိုက်ဆေးတွေမှာ သွားကို ဖြူအောင်လုပ်တဲ့ Whitening  တွေ ခံတွင်းအနံ့ မွှေးပျံ့နေအောင်လုပ်တဲ့ Menthol သို့ Peppermint တွေပါလာတော့ မသင့်တော်တော့ပါဘူး။

ဒီဓာတ်တွေက အပူလောင်ဒဏ်ရာအတွက်ဆို အခန့်မသင့်ရင် ယားယံတာ၊ ပိုလောင်တာတွေဖြစ်နိုင်ပါတယ်။

ပျားရည်

အနာတွေကို ပိုးသေစေပြီး မီးဖိုချောင်ထဲမှာ အလွယ်တကူရနိုင်တာကတော့ ပျားရည်ပါပဲ။ ပျားရည်က တစ်ရှူးထဲကထွက်လာတဲ့ အရည်တွေကို စုပ်ယူပေးနိုင်ပြီး လောင်တဲ့နေရာကို သန့်စင်ပေးနိုင်ပါတယ်။ အသားအရေကို စိုစွတ်စေပြီး အရေပြား ပြန်လည်ပြုပြင်နေမှုကို ကူညီပေးပါတယ်။

ပျားရည် ၁ ခွက်စာ 250 ml ကို အပူလောင်တဲ့နေရာမှာ လိမ်းပေးလိုက်ပါ။ ခြောက်အောင်တဲ့ ကြာကြာထားပါ။ အနာကို ဘာနဲ့မှ မအုပ်ထားပါနဲ့။ ခြောက်သွားရင် အပေါ်ကနေ ပျားရည်ထပ်လိမ်းပြီး ပြန်ခြောက်ထပ်ထားပါ။

ရေအေးအေး

အပူလောင်ထားတဲ့ ဒဏ်ရာကို ရေအေးအေးအောက်မှာ မိနစ်အနည်းငယ်လောက် ထားထားပါ။