ရေကတော့ ဘဝမှာပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့ အကောင်းဆုံးဆေးတစ်လက်ပါပဲ။ ရေပြီးရင် အကောင်းဆုံးရေကတော့ အုန်းရည်ပါပဲ။

Coconut-Water-598x313

အုန်းရည်မှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရဓါတ်တွေအများအပြားပါဝင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း လျှော့ကျစေနိုင်ပါတယ်။

အသားအရေစိုပြေနေစေပြီး ကိုယ်အလေးချိန်လျှော့ချချင်တယ် အဆီမရှိတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အုန်းရည်ကအသင့်တော်ဆုံးပါ။

Coconut-Water-Sugar-And-Multani-Mitti-Face-Pack

အုန်းရည်မှာ ကိုယ်အလေးချိန်တက်လာတာကို ချေဖျက်ပေးနိုင်တဲ့ အစွမ်းထက် အဟာရဓါတ်တွေပါဝင်ပါတယ်။

အုန်းရည်ကို ဝိတ်ချဖို့ဘယ်လိုသောက်မလဲ

How-to-Use-Coconut-Water-For-Weight-Loss-598x360

ပထမဆုံးသိရမှာကတော့ အုန်းရည်ကို ကိုယ်အလေးချိန်ကျဖို့လည်း ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ အသုံးပြုတယ်ဆိုတာပါပဲ။

Coconut-Water-Diet-Weight-Loss-598x260

အုန်းရည်ကိုပုံမှန်သောက်ပေးတာဟာ ခန္ဓာကိုယ်အတွင်း ဇီဝဓါတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အုန်းရည်မှာ ဗီတာမင် B ဓါတ်ကြွယ်ဝစွာပါဝင်ပြီး ကြွက်သားတွေကို ကျစ်လျစ်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့အတွက်အကောင်းဆုံ အရည်တစ်မျိုးပါပဲ။

ဝိတ်ချဖို့် တစ်နေ့ကို အုန်းရည်အနည်းဆုံး ၆ ခွက်သောက်ပေးရမှာပါ။ အစားမစားခင်နဲ့ အစာစားပြီးတိုင်း အဆင်ပြေသလို သောက်သုံးနိုင်ပါတယ်။

နောက်တစ်နည်းကတော့

main-qimg-317f4a47f04e7d51709788e0b7e47a91-c

အုန်းရည်ကို သံပုရာရည်နဲ့ရောပြီးသောက်ပေးရင်လည်း ကိုယ်အလေးချိန်လျှော့ချရာမှာ သိပ်ကိုအသုံးဝင်ပါတယ်။ အုန်းရည်တစ်ခွက်မှာ သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းညှစ်ထည့်ပြီးသောက်သုံးပေးပါ။ အဲဒီအရည်ကို မနက်အစာမစားခင်စားပေးရမှာပါ။

Source: newsatlife.com