အမျိုးသမီးတွေရဲ့ အလှအပလျှို့ဝှက်ချက်ကို ပြောပါဆိုရင် ပျားရည်လို့ ဆိုရမှာပါ။ မျက်ကွင်းညိုနေတာ၊ အသားအရေခြောက်သွေ့တာနဲ့ တခြားအရေပြားဆိုင်ရာပြဿနာတွေကို အဆိပ်အတောက်ကင်းကင်းနဲ့ ဖြေရှင်းပေးနိုင်ဖို့ ပျားရည်က အကောင်းဆုံးအဖော်မွန်ပါတယ်။

ငွေကြေးလည်း သိပ်အကုန်ကျခံစရာမလိုတာကြောင့် ဒီနည်းလမ်းလေးတွေကို မျှဝေလိုက်ပါတယ်။

၁။ အမာရွတ်

လူမြင်တဲ့နေရာမှာ အမာရွတ်ရှိတာ သိပ်ကို ကြည့်ရဆိုးပါတယ်။ ဒါ့ကြောင့် အမာရွတ်ပျောက်ဖို့ နည်းလမ်းကိုရှာဖွေကြပါတယ်။

ပျားရည် အမာရွတ်ကို အရောင်ဖျော့စေပြီး တဖြည်းဖြည်းပျောက်ကွယ်သွားစေမှာပါ။

ပါဝင်ပစ္စည်း

honey

olive-oil-and-olives

ပျားရည်

သန့်စင်တဲ့ အုန်းဆီ (Extra-Virgin Coconut Oil) (သို့) သံလွင်ဆီ

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်ခုကို အချိုးကျရောစပ်ပြီး အမာရွတ်ရှိတဲ့နေရာမှာ တစ်မိနစ် ၂ မိနစ်လောက် ပွတ်လိမ်းပေးပါ။

ပြီးရင် ရေနွေးစွတ်ပြီး ရေညစ်ထားတဲ့ အဝတ်စကို အဲဒီအပေါ်မှာ အေးသွားတဲ့ထိဖိထားပေးပါ။

အဲဒီနောက် ဝါဂွမ်းစနဲ့ သန့်စင်ပေးပါ။

တစ်နေ့ ၂ ကြိမ်ပြုလုပ်ပေးပါ။

၂။ Psoriasis (ဆိုရီယက်စစ်) လို့ခေါ်တဲ့ အရေပြားရောဂါ

psoriasis-neck

Psoriasis အရေပြားရောဂါမှာတွေ့ရတဲ့ အကြေးထူအရေပြားအနာတွေက အလယ်ဖြူ၊အနားနီတတ်ပြီး ယားယံမှုလည်းရှိပါတယ်။ ဦးရေခွံ၊ တတောင်ဆစ်၊ ဒူး နဲပခါးတွေမှာအဖြစ်များပါတယ်။

ရောဂါပြင်းထန်မှုအလိုက် အနာအသေးလေးကနေ တစ်ကိုယ်လုံးအထိ ပြန့်ပွားသွားတတ်ပါတယ်။ လုံးဝအရှင်းပျောက်သွားဖို့ ကုထုံးမရှိသေးပါဘူး။ ပျားရည်ကလည်း ဒီရောဂါကို ပျောက်ကင်းစေတယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီရောဂါကြောင့်ဖြစ်တဲ့ အရေပြားပျက်စီးသွားတာမျိုးကို ပြန်လည် ချောမွေ့စေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။

ပါဝင်ပစ္စည်း

honey-300x225

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

olive-oil-and-olives

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Beeswax-Lip-Balm

ပျားဖယောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပျားရည် ၊ သံလွင်ဆီ၊ ပျားဖယောင်း စတာတွေကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆီယူပြီး ပန်းကန်တစ်လုံးထဲထည့်ကာ မိုင်ခရိုဝေ့ဖ်မီးဖို (Microwave) ထဲထည့်ပါ။

အဲဒီ မီးဖိုကို ပျားဖယောင်းအရည်ပျော်သွားတဲ့ထိ အပူပေးပါ။ ပြီးရင် အားလုံးကိုသေချာမွှေပေးပြီး အေးအောင်ထားပါ။

ရလာတဲ့အရည်ကို အရပြားပျက်စီးနေတဲ့နေရာမှာ လိမ်းပေးပါ။