သံပုရာသီးတွေကို သုံးပြီးတဲ့အခါ အခွံတွေကို တခါတည်းတန်းပြီး လွှင့်ပစ်လိုက်ကြပါသလား။ စွန့်ပစ်ပစ္စည်းတွေရဲ့ အသုံးဝင်ပုံဟာ တခါတရံမှာ အံ့သြစရာပါ။ အရည်ညှစ်ပြီးသား အခွံတွေကို ဘာတွေ အသုံးပြုလို့ရသေးလဲလို့ မေးရင်တော့ အံ့သြစရာတွေ တွေ့ရပါလိမ့်မယ်။

၁။ အရည်ညှစ်ပြီးသား သံပရာခွံကို ရေနွေးလောင်းပြီး သံပုရာ ရေနွေးကြမ်းအဖြစ် သောက်နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးတွေကို ဖယ်ရှားပစ်နိုင်ပြီး သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။

ဂျင်းနဲ့ သံပုယိုသီးရောပြီးသောက်ရင် ဘယ်လိုအကျိုးထူးသလဲ

၂။ ခြင်တွေပြေးအောင် သံပုရာခွံကို မီးကင်ပြီး ထွက်လာတဲ့ အနံ့ဟာ ခြင်ပြေးစေပါတယ်။

သဘာဝနည်းနဲ့ ခြင်တွေ မလာအောင် ဘယ်လိုလုပ်မလဲ

၃။ သံပုရာခွံကို ၁၀မိနစ်လောက် မီးကင်လိုက်ရင် ထွက်လာတဲ့ အနံ့ဟာ ပိုးဟပ်တွေကိုလည်း ပြေးစေပါတယ်။ အချို့ကတော့ ဗီဒိုတွေနဲ့ ကြောင်အိမ်တွေမှာ ပိုးဟပ်မဝင်အောင် ထားကြပါတယ်။

lemon-peel-and-juice

၄။ အသားစိမ်း၊ ငါးစိမ်းတွေ ကိုင်ပြီးရင် ညှီနံ့ စွဲနေတတ်ပါတယ်။ သံပုရာခွံနဲ့ လက်ကို တိုက်ပေးပါ။ ရေခပ်နွေးနွေးနဲ့ ပြန်ဆေးပါ။ အနံ့ဆိုးပျောက်စေပါတယ်။

၅။ ရေခဲသေတ္တာထဲကို ထည့်ထားရင် အနံ့ဆိုးတွေကို စုပ်ယူနိုင်လို့ အနံ့ဆိုးတွေကနေ ကင်းဝေးစေနိုင်ပါတယ်။

၆။ ခြေသည်းလက်သည်းတွေ ဖြူဖွေးပြီး လှနေစေဖို့ အတွက် သံပုရာခွံနဲ့ တိုက်ပေးလို့ ရပါတယ်။

lemon-peel-for-feet

၇။ သွေးတိုးရှိသူတွေအတွက် ငပိရည် စားရင် သံပုရာခွံကို တို့စားပေးနိုင်ပါတယ်။

လျစ်လျူမရှု သင့်တဲ့ သွေးတိုးတဲ့ လက္ခဏာများ

၈။ တံတောင်ဆစ်နဲ့ ဒူးခေါင်း မည်းခြင်းတို့ကို သံပုရာခွံနဲ့ ပွတ်တိုက်ပြီး အမည်းလျော့သွားအောင် လုပ်လို့ ရပါတယ်။

၉။ ခြေထောက်ကွဲခြင်းကို သက်သာစေဖို့ သံပုရာခွံနဲ့ ဖွဖွလေး တိုက်ပေးနိုင်ပါတယ်။

၁၀။ ချိုင်းမည်းခြင်းကိုလည်း သက်သာအောင် အခွံနဲ့ တိုက်ပေးလို့ ရပါတယ်။

၁၁။ ဘေစင်တွေ ချီးညော်တက်ခြင်းကို သံပုရာအခွံနဲ့ တိုက်ပေးရင် ပြောင်သွားစေပါတယ်။

၁၂။ စဉ်းနှီးတုံးတွေကို အနံ့ကင်းအောင်နဲ့ ပိုးမွှားကင်းအောင် တိုက်ပေးရင် ရပါတယ်။