နနွင်းက ရောင်ရမ်းတာတွေကို သက်သာစေတဲ့အပြင် အစာခြေစနစ်ဆိုင်ရာ ကျန်းမာရေး၊ ကင်ဆာ၊ ကြွက်သား၊ အရိုး ကျန်းမာရေးတို့ကို ထောက်ပံ့ပေးပါတယ်။

ဒါ့ကြောင့် ခန္ဓာကိုယ်က နာကျင်ရောင်ရမ်းနေတာမျိုး ခံစားနေရရင် နနွင်းကို ဒီလို သောက်သုံးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နွားနို့ ဖန်ခွက် ၁ ခွက်စာ

ပြုလုပ်နည်း

နွားနို့ကို ပူအောင် အပူပေးလိုက်ပါ။ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို နွားနို့ထဲထည့်ပြီး မွှေလိုက်ပါ။

ဒီအတိုင်း တစ်နေ့ကို ၂ ကြိမ်သောက်ပေးရင် ခန္ဓာကိုယ် နာကျင်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။