သွားကလေးတွေပေါ်အောင်ပြုံးပြီး ခင်မင်မှုတွေ တည်ဆောက်နိုင်ဖို့ သဘာဝနည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ သွားဝါကိုဖြေရှင်းဖို့အတွက် တံဆိပ်အမျိုးမျိုးနဲ့ သွားတိုက်ဆေးတွေကို ၀ယ်သုံးကြပေမဲ့လည်း ရလဒ်က ထူးမလာပါဘူး။ ဒီနည်းလမ်းလေးကို လုပ်ကြည့်ရအောင်ပါ။

ပါဝင်ပစ္စည်း

  • သံပုယိုသီး
  • မုန့်ဖုတ်ဆိုဒါ

ပြုလုပ်နည်း

မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းစာကို ခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင် သံပိုယိုရည် ၅ စက်လောက် ညှစ်ထည့်ပြီး သေချာရောမွှေပေးပါ။ အဲဒီလိုရောထားတဲ့ သံပုယိုရည်နဲ့ မှုန့်ဖုတ်ဆိုဒါကို သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။

Source: wittyfeed.com