မကြာခဏ ဝမ်းချုပ်တတ်လား။ ဝမ်းချုပ်တာဟာ သိပ်ကိုနေရခက်ပါတယ်။ နေရတာ မအီမသာဖြစ်ပြီး တစ်ခုခု လိုအပ်နေသလိုပါပဲ။

အခုလို ဝမ်းမကြာခဏ ချုပ်တတ်ရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဝမ်းမကြာခဏ ချုပ်တတ်တဲ့သူတွေ ရှောင်ရမယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။ သင်စားမယ့်အစားအစာတွေထဲမှာ အခုဖော်ပြမယ့် အစားအစာတွေ များနေသလား။ ဒါဆိုရင် ချင့်ချိန်ပြီးစားကြည့်ဖို့ အကြံပြုလိုပါတယ်။

အသင့်စား အမြန်စားအစားတွေ

နေ့စဉ် စားဝတ်နေရေးအတွက် ဒီကနေ့ ခေတ်မှာ အလုပ်တွေ ပိုရှုပ်လာတတ်ကြပါတယ်။ ခေတ်မှီ တိုးတက်လာလေလေ အလုပ်တွေပိုရှုပ်လေလေပါပဲ။ ဒါ့ကြောင့် အသင့်စား အမြန်စားအစားအစာတွေ အလွယ်တကူ ဝယ်စားတတ်ကြပါတယ်။ ဒီလို အသင့်စားအစားအစာတွေဟာ သင့်ကို ဝမ်းချုပ်စေပါတယ်။

နို့ထွက်အစားအစာတွေ

နွားနို့ကနေ လုပ်တဲ့ ချိစ်၊နွားနို့ တွေ အစားများနေသလား။ ဒါဆိုရင်တော့ လျှော့စားသင့်ပါတယ်။ ဒိန်ချဉ်ကတော့ အစာလမ်းကြောင်းအတွက် ကောင်းမွန်စေပြီး ဝမ်းချုပ်သက်သာစေပေမယ့် ချိစ်တွေ၊ နွားနို့တွေနဲ့ တခြားနို့ထွက်ပစ္စည်းတွေက ဝမ်းချုပ်စေပါတယ်။

ဆီကြော်စာတွေ

ဆီကြော်စာတွေက ဝမ်းသွားခက်စေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုနည်းသလို အဆီများတာကြောင့် ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ ရှောင်ဖို့လည်းခက်ခဲတာောကာင့် အသီးအရွက်တွေ များများစားပေးပါ။

အသားတွေ

အထူးသဖြင့် မိုးခိုသားတွေကို လျှော့စားပါ။ မိုးခိုသားတွေဟာ ပရိုတင်းဓာတ်ကြွယ်ဝပေမယ့် အမျှင်ဓာတ်န်းပါတယ်။ ဒါ့ကြောင့် အသီးအရွက်နဲ့ တွဲဖက်စားသင့်ပါတယ်။

ကြက်ဥ

ကြက်ဥဟာ ပရိုတင်းဓာတ်ကြွယ်ဝပေမယ့် အမျှင်ဓာတ်ပါဝင်မှုနည်းလို့ ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း အရွက်စိမ်းတွေ၊ ကြက်သွန် ၊ခရမ်းချဉ်သီးတွေနဲ့ မွှေကြော်ပြီး စားတာမျိုးဆို သင့်တော်ပါတယ်။

ကိတ်မုန့် ပေါင်မုန့်

ကိတ်မုန့်တွေ ပေါင်မုန့်တွေကို အစားများနေသလား။ ဒီအစားအစာတွေဟာလည်း အမျှင်ဓာတ်နည်းပါလို့ လှေျာ့စားပေးသင့်ပါတယ်။ ဒါ့ပေမယ့် ဂျုံကြမ်းပေါင်မုန့်တွေကတော့ အမျှင်ဓာတ်ကြွယ်ဝပါတယ်။

ကော်ဖီနဲ့ အရက်

ကော်ဖီနဲ့ အရက်တွေမှာ ရေဓာတ်ပါဝင်မှု နည်းပါပါတယ်။ တချို့ကလည်း ကော်ဖီသောက်ရင်ဝမ်းလွယ်တယ်လို့ ဆိုကြပါတယ်။ အဓိကအားဖြင့်တော့ ကော်ဖီက ရေဓာတ်ထိန်းပေးဖို့ခက်တာမို့ များများသောက်ရင်ဝမ်းချုပ်စေပါတယ်။

အရက်လည်း ကော်ဖီလိုပါပဲ။ ဒါ့ကြောင့် အရက်တို့ ကော်ဖီတို့ သောက်ပြီးတိုင်း ရေများများသောက်သင့်ပါတယ်။