ရဲယိုက အသီးရော အရွက်ပါ စားသုံးနိုင်တဲ့အသီးဖြစ်ပြီး အသီးရဲ့ အနံ့စူးစူးကြောင့်ကြိုက်တဲ့သူနည်းပါတယ်။ တကယ်ကြိုက်တဲ့သူတွေကတော့ ရဲယိုသီးမှည့်ရဲ့ ပူရှိန်းရျန်းအရသာကို နှစ်သက်ကြပြီး ဆေးဖက်ဝင်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။

fruit_625x350_61428471046

ရဲယိုသီးလိုပဲ ရဲယိုရွက်ကလည်း ဆေးဖက်ဝင်ပါတယ်။ ခါးပေမယ့် လေနိုင်တဲ့ အရွက်ဖြစ်ပါတယ်။

ရဲယိုသီးဟာ အသီးရော အရွက်ပါ ဆေးဖက်ဝင်ပြီး အသီးကိုစားမယ်ဆိုရင်တော့ အစိမ်းရောင်ကနေ အဝါရောင်မပြောင်းခင်မှာ ဆေးဖက်အဝင်ဆုံးဖြစ်ပါတယ်။ ထန်းလျက် သကြားတို့နဲ့လည်း တွဲဖက်စားသုံးလေ့ရှိကြပါတယ်။

ရဲယိုသီးကို ဖော်ရည်လုပ်ပြီးသောက်မယ် ဒါမှမဟုတ် စားမယ်ဆိုရင် အစာမစားခင်မိနစ် ၃၀ ခန့် ကြိုပြီး သောက်သုံးထားဖို့ လိုပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အစာစားပြီးရင် ထွက်လာတဲ့ အစာခြေရည်တွေက ရဲယိုမှာပါဝင်တဲ့ Xeronine ဆိုတဲ့ ဓါတ်ကို ပျက်ဆီးစေတယ်လို့ဆိုပါတယ်။

ရဲယိုသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အများသားပါပဲ။

Noni-700x525

Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး အသက်ရှုလမ်းကြောင်းကို ရှင်းလင်းစေပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်တတ်တဲ့သူတွေဆိုရင် ရဲယိုသီးကိုစားပေးတာ ဖျော်ရည်လုပ်ပြီးသောက်ပေးတာမျိုး လုပ်သင့်ပါတယ်။

ကင်ဆာ

ရဲယိုသီးမှာ ကင်ဆာဆန့်ကျင့်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ရိုးရာဆေးအနေနဲ့ရော ခေတ်သစ် ဆေးပညာအရရော ထောက်ခံချက်ရထားတဲ့ အသီးတစ်မျိုးပါပဲ။ သိပ္ပံလေ့လာတွေ့ရှိချက်တွေအရ ရဲယိုသီးကို ဖျော်ရည်လုပ်ပြီးသောက်ပေးရင် အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ ထပ်ပြီးကြီးမလာအောင် ပြန့်အသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဂေါက်ရောဂါ

ဂေါက်ရောဂါကို ကုသရာမှာလည်း ရဲယိုသီးက အထူးသင့်တော်ပါတယ်။ ရဲယိုသီးဖျော်ရည်ကို ဂေါက်ကုသဖို့အတွက် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာပါ။

(ဓါတ်ရောင်ချည်ကုသနေတဲ့လူနာတွေ ဓါတုဆေးဝါးကုသမှုခံယူနေတဲ့လူနာတွေကိုလည်း ရဲယိုကိုဖြည့်စွက်စာအဖြစ် ကျွေးကြပါတယ်။)

နှလုံး

noni-tree-live-plant-seedling-palm-beach-medicinal-herbs (7)

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအတွက်လည်း ရဲယိုက အထူးသင့်တော်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးကိုကျန်းမစေပါတယ်။

အသည်းကိုကာကွယ်ပေးခြင်း

ရဲယိုသီးက အသည်းရောဂါဖြစ်ပွားမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသည်းကျန်းမာရေးအတွက်ဆိုရင် ရဲယိုသီးက အကောင်းဆုံးအသီးတစ်မျိုးပါပဲ။

ဆီးချို

ရဲယိုသီးဟာ ဆီးချို အမျိုးအစား ၂ အတွက် ကောင်းမွန်တဲ့ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ ရဲယိုသီးကို စားပေးတာ ဖျော်ရည်လုပ်ပြီးသောက်ပေးတာမျိုးပြုလုပ်ပေးရင် ဆီးချိုကျစေသလို ဆီးချိုဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရာလည်းရောက်ပါတယ်။

(သတိပြုရန် – ရဲယိုသီးကို အရက်၊ကော်ဖီ၊ နွားနို့၊ လက်ဖက်ရည်တို့နဲ့ တွဲမသောက်ပါနဲ့။ တွဲသောက်မယ်ဆိုရင် ရဲယိုမှာပါတဲ့ Xeronine ဓါတ်တွေကို စုပ်ယူရာမှာ အဟန့်အတားဖြစ်စေပါတယ်။)

ကျန်းမာရေးအတွက် အဖိုးတန်လှတဲ့ ရဲယိုသီးနဲ့ ရဲယိုရွက်အကြောင်းရဲ့ အကျိုးကျေးဇူးတစ်ချို့ကို စာဖတ်သူတို့ကို ပြန်လည်မျှဝေလိုက်ရပါတယ်။ စာဖတ်သူတို့အားလုံး ကျန်းမာပျော်ရွှင်ကြပါစေရှင်။