MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တို့ရေ နံနံပင်ကြိုက်ကြလားရှင့်။ တချို့လူတွေကတော့ နံနံပင်ကို အနံ့ပြင်းတယ်ဆိုပြီး သိပ်သဘောမတွေ့ကြပါဘူးနော်။

ရှေးယခင်နှစ်တွေကတည်းက နံနံပင်ကို သွေးပေါင်ချိန်တက်တဲ့အခါ၊ အလက်ဂျစ်တွေကုတဲ့အခါနဲ့ ယောင်ရမ်းတဲ့ရောဂါတွေခံစားရချိန်တို့မှာ အသုံးပြုလာခဲ့ကြပါတယ်။

မြန်မာအစားအစာအများစုမှာဆိုရင်လည်း နံနံပင်ကို အနံ့ပိုမွှေးအောင်ဆိုပြီး အုပ်တတ်ကြပါတယ်။ ဒီလိုမျိုး ကြိုက်တဲ့လူရှိသလို မကြိုက်သူများလည်းရှိကြတဲ့ နံနံပင်ရဲ့ ဆေးဖက်ဝင်ဆိုင်ရာ အကျိုးကျေးဇူးများကို ဖော်ပြပေးချင်ပါတယ်။

၁။ အရေးကြီးတဲ့ အာဟာရဓာတ်များပါဝင်ခြင်း

Source: farmizen.com

အပင်လေးက ပိန်ပိန်ပါးပါးလေးလေးဆိုပေမယ့်လည်း တကယ်တမ်းတော့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဗီတာမင်ဓာတ်တွေပါဝင်ပြီး အထူးသဖြင့် သွေးပိတ်ဆို့ခြင်းနှင့် အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်ကေ အထူးကြွယ်ဝပါတယ်။

ကယ်လိုရီပါဝင်မှုလည်း နည်းပါးတာကြောင့် ဝိတ်လျော့နေသူများအတွက်တော့ အဆင်ပြေပါတယ်။

၂။ Antioxidants များကြွယ်ဝခြင်း

Source: independent.co.uk

ကျန်းမာသွက်လက်တဲ့ ကိုယ်ခန္ဓာနဲ့ အမြဲတမ်းဖျတ်လတ်တက်ကြွနေဖို့အတွက် Antioxidants တွေလည်း လိုအပ်ပါတယ်။ နံနံပင်ကို များများစားသုံးပေးခြင်းဟာ အူမကြီးနှင့် အဆုတ်ကင်ဆာ ၊ အဆင့် ၂ ဆီးချိုရောဂါနှင့် နှလုံးရောဂါတို့ ဖြစ်နိုင်ခြေနှုန်းထားကို လျော့ကျစေပါတယ်။

၃။ အရိုးကိုအားဖြစ်စေခြင်း

Source: Healthline

အသက်အရွယ်ရလာသည့်တိုင် အရိုးတွေခိုင်မာနေဖို့အတွက် ဗီတာမင်ကေလိုအပ်ပါတယ်။ လိုအပ်တဲ့ ဗီတာမင်ကေဓာတ်ကို အခြားအစားအစာတွေအပြင် နံနံပင်ကိုလည်း အစားအသောက်များထဲမှာ ရောယှက်ရင်းဖြင့် စားသုံးပေးနိုင်ပါတယ်။

၄။ ကင်ဆာတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိများရှိခြင်း

Source: Charlie’s Fruit Online

ရောဂါတွေထဲမှာ အကြောက်ရဆုံးဖြစ်တဲ့ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက် လိုအပ်တဲ့ Antioxidants တွေ၊ ဗီတာမင်စီတွေကို နံနံပင်စားသုံးခြင်းဖြင့် ရယူနိုင်ပါတယ်။

၅။ မျက်လုံးအားကောင်းစေခြင်း

Source: shutterstock.com

အရာရာကို ကောင်းကောင်းမွန်မွန် ကြည်ကြည်လင်လင် မြင်နိုင်စွမ်းရှိဖို့အတွက် ခန္ဓာကိုယ်မှ လိုအပ်တဲ့ Lutein, Bea Carotene, Zeaxanthin ဓာတ်တို့ကိုလည်း နံနံပင်က ကောင်းကောင်းကြီးပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်တဲ့အထိ မျက်လုံးအားကောင်းစေဖို့ နံနံပင်ကို ရံဖန်ရံခါ ထည့်သွင်းစားသုံးပေးပါ။