အခုပုံမှာပြထားတဲ့ Pistachios သီးကို မြင်ဖူးကြမှာပါနော်။ Market Place တွေမှာရနိုင်တဲ့ ချိုဆိမ့်ဆိမ့်အရသာရှိတဲ့ ပဲဆိမ့်စေ့ဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုနေပါတယ်။ ဒီတော့ ဒီအစေ့ကို စားပေးတာဟာ ဘာအကျိုးကျေးဇူးရှိပါသလဲ။

Pistachios စေ့ရဲ့ အကျိုးကျေးဇူးတွေ

pistachios

Pistachios စေ့မှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်လို့ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ၃၀% ထိလျှော့ချပေးနိုင်ပြီး တခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

pistachios-master

Pistachios စေ့ကို နေ့တိုင်းစားပေးတာဟာ ဆီးချိုဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

Pistachios စေ့မှာ Antioxidant တွေပါဝင်လို့ ကိုလက်စထရောပမာဏကို ၂၀ % ထိလျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

pistachio-nuts

တခြားအခွံမာအသီးတွေမှာတွေ့ရခဲတဲ့Carotenoid နှစ်မျိုးပါဝင်ပါတယ်။ ဒါ့ကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

တစ်နေ့ကို Pistachios စေ့ ၅ စေ့ကနေ ၁၀ စေ့ထိစားပေးတာဟာ အိုးမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။

Source: http://www.naturalhealthcareforyou.com
Photo Credit: inquisitr.com