ဖလူ ( Flu ) လို့ ခေါ်တဲ့ တုပ်ကွေးဖျားဟာ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာပါ ။ နှာခေါင်း ၊ လည်ချောင်း နဲ့ အသက်ရှုလမ်းကြောင်း အပေါ် ပိုင်း နဲ့ အဆုပ်မှာ ဗိုင်းရပ်ပိုး ဝင်ရောက်ခြင်းကြောင့် ဖြစ်ရပါတယ် ။ ကမ္ဘာနဲ့ အဝှန်း ဒုက္ခပေးတဲ့ ကျန်းမာရေးပြဿနာတခု ဖြစ်ပါတယ် ။ ဖလူရဲ့ နောက်ဆက်တွဲ ရောဂါများကြောင့် နှစ်စဉ် လူ ထောင် ချီပြီး အသက် ဆုံးရှုံးနေရပါတယ် ။ြ ဖစ်ခါစမှာ ဖလူ ( Flu ) နဲ့ အအေးမိခြင်း ( Common Cold ) တို့ ဟာ လက္ခဏာများ ဆင်တူပါတယ် ။

အမြဲဘဲ မှားယွင်း တတ်ပါတယ် ။ နှာရေယိုခြင်း ၊ နှာချေခြင်း ၊ လည်ချောင်းနာခြင်း ၊ နှာခေါင်းပိတ်ခြင်း ၊ ကိုယ်လက်ကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ချောင်းဆိုးခြင်း ၊ အပြင်း ဖျားခြင်း ၊ အားနည်းခြင်း ၊ ခံတွင်းပျက်ခြင်း တို့ ဟာ တူညီတဲ့ လက္ခဏာများ ဖြစ်ပါတယ် ။ ဖလူ ဟာ အလွန် ကူးစက်လွယ်ပါတယ် ၊ ခလေးငယ်များကို လူကြီးများ က တဆင့် ကူစက်တဲ့အတွက် ၊ ခလေးများနဲ့ ခွဲနေသင့်ပါတယ် ။ ဖလူကနေ နားပြည်ယို နားကိုက်ခြင်း ၊ လည်ချေုာင်းရောင်ခြင်း ( Bronchitis ) ၊အဆုပ်ရောင်ခြင်း ( Pneumonia ) ဖြစ်ခြင်းတို့ ထိ ဆက်သွားတတ်ပါတယ် ။

အခုဖေါ် ပြမှာကတော့ အိမ်တွင်းဆေးဝါးများနဲ့ ကုသခြင်း အကြောင်း ဖြစ်ပါတယ် ။

၁ ။ ပျားရည် ( Honey )

ပျားရည်ဟာ ကိုယ်ခံစွမ်းအားကို ကောင်းစေပါတယ် ။ ရောဂါပိုးများကို နှိမ်နင်းနိုင်တဲ့ သတ္တိပါရှိတာကြောင့် ရောဂါမြန်မြန်ပျောက်စေပါတယ် ။
ပျားရည် ၁ ဇွန်း ကို ရေ တဖန်ခွက် မှာ ထဲ့မွှေပြီး သောက်လို့ ရပါတယ် ။ ခဏခဏ သောက်ပေး ရပါမယ် ။
ရေနွေးပူပူမှာ ပျားရည် ၁ ဇွန်း နဲ့ သံပုရာရည် ညှစ်ထဲ့ ပြီးလည်း သောက်နိုင်ပါတယ် ။ ဝေဒနာ ပျောက်ကင်း
သည်ထိ သောက်ရပါမယ် ။
ဒီဖျော်ရည်က လည်ချောင်းယားတာ သက်သာစေပြီး ၊ ချွဲ သလိပ်ချောင်စေပါတယ် ။
တရက် ၃ ကြိမ်လောက် သောက်နိုင်ပါတယ် ။ ဝေဒနာ ပျောက်ကင်း သည်ထိ သောက်ရပါမယ် ။
ကြက်သွန်နီကို အရေညှစ် ၊ ပျားရည် ဆတူရော ၊ ၁ဇွန်း ၁ဇွန်း တနေ့ ၃ ကြိမ်သောက်နိုင်ပါတယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
ပင်စိမ်း ၁၅ ရွက်လောက်ကို အရေညှစ် ၊ ပျားရည် ၁ ဇွန်းရော ပြီး တနေ့ ၁ ကြိမ် သောက်နိုင်ပါတယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
( တနှစ်အောင် ခလေးငယ်များကိုတော့ ပျားရည် မတိုက်သင့်ပါဘူး )

၂ ။ သံပုရာသီး ( Lemon )

သံပုရာသီးဟာ ဘက်တီးရီးယား ၊ ဗိုင်းရပ် နဲ့ ဖန်းဂပ်ပိုးများကို နှိမ်နင်းနိုင်ပါတယ် ။
ရောင်ရမ်းတာတွေကိုလည်း လျော့စေပါတယ် ။
ဒီအစွမ်းတွေကြောင့် ဖလူကို အားပျော့စေပါတယ် ။
ရေနွေးပူပူမှာ သံပုရာရေ ညှစ်ထဲ့ပြီး သောက်နိုင်ပါတယ် ။ တနေ့ ၃ – ၄ ကြိမ် သောက်ရပါမယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
ဆူနေသော ရေ ၁ခွက်ထဲ သံပုရာသီး ၁လုံး ညှစ်ထဲ့ ၊ ပျားရည် ၁ဇွန်းထဲ့ ၊ ရမ် အရက် ၁ဇွန်းထဲ့ ။
မိနစ်အနည်းငယ်ထား ပြီး သောက်နိုင်ပါတယ် ။ ။ တနေ့ ၂ ခွက်လောက် သောက်ရပါမယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
ဆူနေတဲ့ ရေတခွက်ထဲ သံပုရာသီး တလုံးကို ပါးပါးလှီးထဲ့ ၊ ၅ မိနစ်လောက်ထား ။
အငွေ့ ကို ရှု ၊ အရည်ပူပူကို မှုတ်သောက် ။ တနေ့ ၃ – ၄ ခွက်လောက် သောက်ရပါမယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။

၃ ။ ဂျင်း ( Ginger )

ဂျင်းမှာ ရောင်ရမ်းခြင်း သက်သာစေတဲ့ သတ္တိရှိပါတယ် ။ ပူတဲ့ သဘာဝလည်းရှိတာမို့ ဖလူ ကြောင့်
ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ် ။ ကိုယ်ခံအားစံနစ်ကို အားဖြည့်ပေးတဲ့အတွက် ဖလူကို
တိုက်ဖျက်ရာမှာ အထောက်အကူ ရပါတယ် ။
ရေဆူဆူ တခွက်ထဲကို ကြိတ်ချေထားတဲ့ လတ်ဆတ်တဲ့ ဂျင်း ၁ဇွန်းစာ ခပ်ပြီး ၊ မိနစ်အနည်းငယ်
နှပ်ထားပြီး ဂျင်းလဘက်ရည် လုပ်သောက်နိုင်ပါတယ် ။ ပျားရည်ထဲ့သောက်လည်း ရပါတယ် ။
တနေ့ ၃ – ၄ ခွက်လောက် သောက်ရပါမယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
လတ်ဆတ်တဲ့ ဂျင်း ကို နည်းနည်းစီ ဝါးစားလို့လည်း ရပါတယ် ။ ခဏခဏ စားပေးနိုင်ပါတယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။

၄ ။ ကြက်သွန်ဖြူ ( Garlic )

ဘက်တီးရီးယား ၊ ဗိုင်းရပ် ၊ ဖန်းဂပ် တို့ကို နှိမ်နင်းနိုင်တဲ့ သတ္တိရှိပါတယ် ။
ကြက်သွန်ဖြူမှာ အလီစင်ကွန်ပေါင်း ( Allicin ) ပါရှိပါတယ် ။ ၎င်းက ကိုယ်ခံစွမ်းအား
ကောင်းစေပြီး ဖလူကြောင့်ဖြစ်တဲ့ ဝေဒနာများကို လျော့စေပါတယ် ။
ကြက်သွန်ဖြူ ၂မွှာ ၃မွှာ ကို ကြိတ်ချေပြီး ရေနွေးပူပူတခွက်ထဲ့ ခပ် ။ ၁၀ မိနစ်လောက်ထား ။
ပြီးရင် ရေနွေးကြမ်းလို သောက်နိုင်ပါတယ် ။ ၃ – ၄ ကြိမ်လောက် သောက်ရပါမယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
ကြက်သွန်ဖြူ ၁မွှာလောက်ကိုလည်း ဝါးစားနိုင်ပါတယ် ။ အကြိမ်ကြိမ် စားနိုင်ပါတယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ စားရပါမယ် ။

၅ ။ ရေနွေးငွေ့ ( Steam )

ချွဲပျော်ထွက်အောင် ရေနွေးငွေ့ က စွမ်းဆောင်ပေးပါတယ် ။
အလုံပိတ် ရေချိုးခန်းမှာ ရေပူကိုဖွင့်ချပြီး ရေနွေးငွေ့ ရှုရှိုက်နိုင်ပါတယ် ။
နှာခေါင်းပိတ်ခြင်း ကြပ်ခြင်း သက်သာအောင် အကြိမ်ကြိမ် လုပ်နိုင်ပါတယ် ။
ရေဇလုံထဲ ရေနွေးပူထဲ့ ၊ ယူကလစ်ဆီ နည်းနည်းထဲ့ ။ရေနွေးဇလုံ အဝတ်အုပ် ၊
ခေါင်ထဲ့ပြီး အငွေ့ ရှုရပါမယ် ။ နှာခေါင်းပိတ်သက်သာအောင် လိုအပ်တိုင် ရှုနိုင်ပါတယ် ။

၆ ။ ကြက်စွပ်ပြုတ် ( Chicken Soup )

ကြက်စွပ်ပြုတ်ဟာ ဖလူကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ် ။
လေ့လာတွေ့ ရှိချက်များအရ ဗိုင်းရပ်ပိုးကူးစက်ခံရတဲ့အခါမှာ ခန္ဓာကိုယ်က
ရောင်းရမ်းမှုဖြစ်စေတဲ့ ဟိုမုန်းထုတ်လုပ်တာကို ကြက်စွပ်ပြုတ်က တာဆီးပါတယ် ။
စွပ်ပြုတ်ပူပူဟာ ချွဲပျော်စေသလို ၊ ခန္ဓာကိုယ်ကို အရေဓါတ် ရစေပါတယ် ။
ကြက်စွပ်ပြုတ်ကို တနေ့ ၂ ကြိမ်လောက် ရောဂါသက်သာသည်ထိ သောက်သင့်ပါတယ် ။
စွပ်ပြုတ်ထဲ ကြက်သွန်ဖြူ ၊ ငရုတ်ကောင်း ထဲ့သောက်လ ျှင် ပို ကျေးဇူးရှိပါတယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။

၇ ။ လိမ္မော်ရေ ( Orange Juice )

ဖလူဖြစ်ချိန်မှာ ရေဓါတ် မလျော့နည်းအောင် အရည်များများ သောက်ရပါမယ် ။
လိမ္မော်ရေ သောက်ခြင်းက ပိုအကျိုးထူးပါတယ် ။ တနေ့ ၁၀ ခွက်လောက်ထိ
သောက်သင့်ပါတယ် ။
ဗီတာမင် စီ ဓါတ်ကြွယ်ဝတာကြောင့် ကိုယ်ခံအားစံနစ်ကို အားကောင်းစေပါတယ် ။
ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။

အအေးမိတာနဲ့ ယခုဖေါ် ပြတဲ့ အိမ်တွင်းဆေးဝါးများထဲက တခုခုကို စွဲစွဲမြဲမြဲ သက်သာတဲ့ထိ မှီဝဲပါက ဖလူဖြစ်စေ ၊ ရိုးရိုးအအေးမိတာဖြစ်စေ သက်သာ ပျောက်ကင်းစေ မှာပါ ။ ဖလူလား ရိုးရိုးအအေးမိတာလားဆိုတာ ခွဲခြားပြီး မသိနိုင်ဘူး မဟုတ်လား ။ အနားယူ ၊ နွေးနွေးထွေးထွေးနေ ၊ ပူပူနွေးနွေးစား ဆိုရင် ဝေဒနာတွေ မဆိုးရွား ဘဲ မြန်မြန်ကောင်းသွားမှာပါ ။

ကျန်းမာချမ်းသာကြပါစေ
Credit : ဒေါက်တာမြင့်သိန်း