အားလုံးပဲမင်္ဂလာပါနော်။ ရှမ်းပြည်ကနေ အဝေးတစ်နေရာမှာ အလုပ်လုပ်နေသူတွေအတွက်၊ ဒါမှမဟုတ် ရှမ်းပြည်က အစားအစာကို နှစ်သက်သူတွေအတွက် ဆိုင်မှာ တကူးတက် သွားစားစရာမလိုဘဲနဲ့ မိမိအိမ်မှာပဲ အရသာရှိတဲ့ ဟင်းထုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်သား (သို့) ဝက်သား
  • ကြက်သွန်မြိတ်များများ
  • ဆန်မှုန့်
  • ကော်မှုန့်အနည်းငယ်
  • ချင်း (ဂျင်း) အနည်းငယ်

  • ကြက်သွန်ဖြူ အနည်းငယ်
  • ဆား
  • ဟင်းခတ်မှုန့်၊ နနွင်းမှုန့်အနည်းငယ်
  • ဆီများများ
  • ငှက်ပျောဖတ်

တွဲစားရန်

  • ကြက်သွန်ဖြူ ဆီချက်
  • ငရုတ်သီးကြော်
  • ဂျုးမြစ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သွန်မြိတ်ကို ရေဆေးပြီး လက်တစ်ဆစ်လောက် သေချာစွာ လှီးဖြတ်ထားပါ။

ပြီးရင်တော့ကြက်သွန်မြိတ်၊ ဆန်မှုန့်၊ ကော်မှုန့်၊ ဆီ၊ ကြက်သွန်ဖြူထောင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့် အနည်းငယ်တို့ကို ဇလုံတစ်ခုထဲထည့်လိုက်ပြီး ရေအနေတော်လောက်ထည့်လိုက်ကာ သေချာနယ်ပေးလိုက်ပါ။

အသားကိုလည်း မိမိနှစ်သက်သလို လှီးပြီး ဆား၊ ဆီနည်းနည်း၊ ဟင်းခတ်မှုန့်နည်းနည်းတို့နဲ့ နယ်ထားလိုက်ပါ။

အဲဒီနောက် ငှက်ပျောဖတ်ကို ပျော့သွားအောင်ပေါင်းပေးလိုက်ပါ။ ပြီးရင်တော့ ကန့်တော့ပုံစံမျိုးလုပ်ပြီး ဆန်နဲ့ ကြက်သွန်မြိတ်တို့ရောထားတာကိုထည့်၊ အသားထည့်လိုက်ပြီး ထုပ်လိုက်ပါ။ ပြီးရင် သွားကြားထိုးတံနဲ့ ဖက်ကို ပိတ်လိုက်ပါ။ အဲဒီနောက် ပေါင်းအိုးထဲထည့်လိုက်ပြီး ဟင်းထုပ်ကို ၁ နာရီလောက်ပေါင်းပေးလိုက်ပါ။

ရပြီဆိုရင်တော့ အပေါ်ကနေ ကြက်သွန်ဖြူ ဆီချက်ဖြူ။ ဂျုးမြစ်၊ ငရုတ်သီးကြော်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။

By: MyFood Myanmar

Featured Image Source: Cheers Kitchen By HP