အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမဲသားကို နူးနူးအိအိလေး ချက်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • အမဲသား ၁၅ ကျပ်သား
  • ဆီ ခွက်၁/၄ ပုံ
  • ကြက်သွန်ဖြူ ၅ မွှာ (တောက်တောက်စဉ်းပါ)
  • ကြက်သွန်နီ ၅ လုံး ပါးပါးလှီးပါ
  • ကရဝေးရွက် ၃ ရွက်

  • ပျဉ်းတော်သိမ်ရွက်မှုန့် အနည်းငယ်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်စွပ်ပြုတ်ရည် (သို့) ရေ ၂ ခွက်
  • သကြားလက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ နောက်ထပ် (၂) လုံး

  • ဆား စားပွဲတင်ဇွန်း ၁ ဇွန်း (လိုအပ်ရင်ထပ်ထည့်ပါ)
  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်း ရောလိုက်ပါ

ပြုလုပ်နည်း

အရင်ဆုံး အမဲသားကို ရေသေချာဆေးပြီး ပြုတ်လိုက်ပါ။

ပြီးရင် ဆယ်ထားလိုက်ပါ။ အိုးထဲကို ဆီထည့်လိုက်ပြီး ပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ကရဝေးရွက်ထည့်လိုက်ပါ။ ခဏလောက်မွှေပေးလိုက်ပါ။

ပျဉ်းတော်သိမ်ရွက်အမှုန့်နဲ့ နနွင်းမှုန့်ကိုထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။

သေချာလေးမွှေပေးလိုက်ပါ။ ခဏနေရင်တော့ အမဲသားပြုတ်ထားတာကိုထည့်လိုက်ပြီး ရေ (သို့) စွပ်ပြုတ်ထည့်လိုက်ပါ။

သကြား၊ ဆား၊ ခရမ်းချဉ်သီးအနှစ်တို့ကို ထည့်ပြီးမွှေပေးလိုက်ပါ။

အဲဒီနောက် ၃၅ မိနစ်လောက်မီးအေးအေးနဲ့ နှပ်ထားလိုက်ပါ။

အဲဒီနောက် ကျန်တဲ့ကြက်သွန်နီ ၂ လုံးကို လှီးလိုက်ပြီး ဆီနည်းနည်းနဲ့ အရင် ကြော်ပေးလိုက်ပါ။

နည်းနည်းနွှမ်းလာပြီဆိုရင် အမဲနှပ်ထားတဲ့အိုးထဲကို ထည့်ပေးလိုက်ပါ။

အဲဒီနောက် သေချာမွှေပေးလိုက်ပြီး ကော်မှုန့်ဖျော်ထားတာကို ထည့်မွေပးလိုက်ပါ။

ပျစ်ပျစ်လေးနဲ့ ကိုယ်နှစ်သက်တဲ့အနေအထားရပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar