ခန္ဓာကိုယ်မှာ ရှိတဲ့ အဆိပ်အတောက်တွေ၊ ရေဓာတ်တွေနဲ့ တခြား အရာတွေကို ချွေးကနေတစ်ဆင့် စွန့်ထုတ်ပါတယ်။

လူတိုင်းမှာ ချွေးထွက်တဲ့ Glands ပေါင်း ၂ သန်းနီးပါးရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် အနံ့ဆိုးတဲ့ချွေးတွေကအများအားဖြင့် ချိုင်း၊ ခြေဖဝါးနဲ့ လက်ဖဝါးတို့ကနေ ထွက်လေ့ရှိပါတယ်။

ချွေးထွက်တာက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ပြန်လည် ထိန်းညှိတာလည်းဖြစ်သလို အမိုင်နို အက်ဆစ် အဆင့်ကို ပြန် ထိန်းညှိတာပါ။

ဒါပေမယ့် ချွေးအလွန်အကျွံထွက်တာတော့ မကောင်းပါဘူး။ ချွေးအလွန်အကျွံထွက်တာက ဟော်မှုန်းတွေ ပုံမှန်မဟုတ်တာ၊ သွိုင်းရွက်ရောဂါနဲ့ တခြား အာရုံကြောဆိုင်ရာ ရောဂါတွေလည်း ဖြစ်နေနိုင်ပါတယ်။

ချွေးတွေ အမြဲတမ်း အလွန်အကျွံထွက်တာကလည်း လူကြားထဲမှာဆိုရင် နံစော်ပြီး စိတ်ညစ်ဖို့ကောင်းပါတယ်။

ဒါကြောင့် ချွေးအလွန်အကျွံထွက်တာကို ထိန်းညှိနိုင်တဲ့သဘာဝနည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ (Baking Soda ) နဲ့ သံပုရာသီး

မှုန့်ဖုတ်ဆိုဒါ နဲ့ သံပုယိုရည်ရောသောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိသလဲ

အနံ့ဆိုးတွေ၊ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပြီး အနံ့ဆိုးတဲ့ ချွေးတွေ မဖြစ်အောင်လည်း ကူညီပေးပါတယ်။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ pH level ကိုလည်း ထိန်းညှိပေးပါတယ်။

ပါဝင်ပစ္စည်းများ

မုန့်ဖုတ်ဆိုဒါ (Baking Soda) စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုရာသီး ၁ ခြမ်း

ပြုလုပ်နည်း

မုန့်ဖုတ်ဆိုဒါကို သံပုရာအရည်နဲ့ နယ်လိုက်ပြီး အဲ့ဒီ အနှစ်ကို ချွေးထွက်တဲ့နေရာတွေကို လိမ်းပေးပါ။ ၁၀ မိနစ်လောက် ထားပြီး ရေဆေးချလိုက်ပါ။ ကိုယ်လိမ်းထားတဲ့နေရာတွေကို တစ်ရက်လောက်နေနဲ့ တိုက်ရိုက်မထိအောင်ထားပေးပါ။

ရေခဲရေ

ရေခဲရေကို နေ့စဉ် ပုံမှန်လောက်သောက်ပေးရင်လည်း ဟော်မှုန်း မညီမျှမှုကြောင့် ချွေးထွက်များခြင်းကို လျော့နည်းစေပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ အပူချိန်ကို ထိန်းညှိပေးပြီး ရေဓာတ်ခမ်းခြောက်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးပါတယ်။

အပူအစပ်တွေ စားတာ လျော့ပါ

ငရုတ်သီးတို့ ငရုတ်ကောင်းတို့နဲ့လုပ်ထားတဲ့ အပူအစပ်အစားအစာတွေကို လျော့စားပါ။ အပူအစပ်အစားအစာတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူချိန်ကို မြင့်တက်စေပြီး ချွေးထွက်စေပါတယ်။

Sage Tea ကိုသောက်ပါ

Source: plantes-et-sante.fr

Sage Tea က ဟော်မှုန်းထွက်ရှိမှုကို ထိန်းညှိနိုင်ပြီး ချွေးထွက်တဲ့ glands တွေကိုလည်း အလွန်အမင်း ချွေးမထွက်အောင် ထိန်းညှိနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

Sage အခြောက်မှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း

ရေ ၁ လီတာခန့်

ပြုလုပ်နည်း

ရေ ၁လီတာကို ပွက်ပွက်ဆူအောင် အပူပေးပြီး ပွက်ပွက်ဆူလာတဲ့အခါမှာ ခရားတစ်ခုထဲထည့်ပြီး Sage အမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်းလောက်နဲ့ ဖျော်လိုက်ပါ။ မိနစ် ၂၀ လောက်အအေးခံထားပြီးနောက် သောက်နိုင်ပါတယ်။ တစ်နေ့ကို ၃ ခွက် အများဆုံးဘဲ သောက်ပါ။

သစ်ပင်ရဲ့အဆီ (Tree Oil)

သစ်ပင်ရဲ့ အဆီ (Tree Oil) က ဘက်တီးရီးယားတွေနဲ့ အနံ့ဆိုးတွေကို ကာကွယ်ပေးပါတယ်။ ခန္ဓကိုယ်အတွင်းရှိ pH အဆင့်ကိုလည်း ထိန်းညှိပေးပါတယ်။ ချွေးထွက်တဲ့ Glands တွေကြောင့် အလွန်အမင်းချွေးထွက်တာကိုလည်းကာကွယ်ပေးပါတယ်။

အသုံးပြုနည်း

သစ်ပင်ရဲ့အဆီ (Tree Oil) ကို ဂွမ်း စတစ်ခုထဲ အစက်တွေအများကြီး ထည့်ပြီး ချိုင်း၊ လက်ဖဝါးနဲ့ ခြေဖဝါးတို့ကို ပွတ်ပါ။ တစ်နေ့ကို ၂ ကြိမ် အများဆုံးပွတ်လို့ရပါတယ်။ ဒါပေမယ့် အသုံးမပြုခင်မှာ ကိုယ့်အရေပြားနဲ့ တည့်မတည့်ကို သိနိုင်ဖို့ တစ်စက်နှစ်စက်လောက် အရင်ပွတ်လိမ်းကြည့်ပြီး ၁၅ မိနစ်လောက်ထားပြီး စမ်းသပ်ပါ။