အခုနောက်ပိုင်း လူတွေတော်တော်များများ သိချင်နေကြတာက ကြက်သားမှုန့်က ကျန်းမာရေးနဲ့ ညီညွတ်သလားဆိုတဲ့ မေးခွန်းပါဘဲ။

“နှလုံးကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ သွေးတိုးနိုင်တဲ့ အန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် ဆိုဒီယမ်ဓာတ် စားသုံးမှုနဲ့ အဆီပါတဲ့ အစားအစာတွေ စားသုံးတာကို လျှော့ချဖို့” အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့က “အရွယ်ရောက်ပြီးသား လူတွေက တစ်နေ့ကို ဆိုဒီယမ် ၂၄၀၀ mg ထက်ပိုပြီး မစားသင့်ဘူး”လို့ ပြောထားပါတယ်။

ဆိုဒီယမ် ၂၄၀၀ mg ဆိုတာဟာ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက်နဲ့ ညီမျှပါတယ်။ ဒါကြောင့် တစ်နေ့ကို ဆားကို စားသုံးမယ်ဆိုရင်တော့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထက် မပိုဖို့ အရေးကြီးပါတယ်။

01-throat-remedies-salt

ဆိုဒီယမ်ဓာတ်တွေ လိုအပ်တာထက်ပိုနေရင် ခန္ဓာကိုယ်မှာ ဖောယောင်တာတွေနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

မီးဖိုချောင်မှာ အသုံးပြုနေတဲ့ ဆိုဒီယမ်ပါဝင်နေတဲ့ ဟင်းခတ် ပစ္စည်းတွေကတော့ ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ နဲ့ ငံပြာရည်တို့ဖြစ်ပါတယ်။

ဟင်းခတ် အမွေးအကြိုင်အဖြစ် အသုံးပြုလို့ရတဲ့ ဆိုဒီယမ် ပါဝင်မှုနည်းတဲ့ အသီးအရွက်တွေဖြစ်တဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ရှာလကာရည်၊ ၀ိုင်ဖြူ၊ ဆေးဘက်ဝင် အရွက်တွေဖြစ်တဲ့   (နံနံပင်၊ Rosemary၊ ပင်စိမ်း ရွက်) တို့နဲ့ ငရုတ်သီးစတာတွေကို အစားထိုး အသုံးပြုလို့ရပါတယ်။ အဲ့ဒီအပြင် အသားတွေဆိုရင် လိမ္မော်ရည်၊ ပန်းသီး နဲ့ သံပုရာ ရည်တို့ကိုလည်း ထည့်ချက်လို့ရပါတယ်။

ဆားနဲ့ MSG ကွာခြားချက်

ကြက်သားမှုန့်

ကြက်သားမှုန့်တွေမှာ MSG ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့လည်း ထင်နေကြသူတွေလည်းရှိပါတယ်။

MSG ဆိုတာ ဆိုဒီယမ် တစ်မျိုးဖြစ်ပြီး Glutamic အက်ဆစ်ကနေ ဖြစ်ပေါ်လာတာဖြစ်ပေါ်လာတာပ၊ MSG ကို သဘာဝ သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ချိစ် စတဲ့ အစားအစာတွေမှာ ပါဝင်နေတယ်လို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန (FDA) က ထုတ်ပြန်ထားပါတယ်။

MSG ကို ကြံ၊ ကစီဓာတ်စတာတွေကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ FDA ကတော့ MSG တွေပါတဲ့ ဟင်းခတ်အမွေးအကြိုင်တွေက အစားအသောက်မှာ အသုံးပြုရင် အန္တရာယ်မရှိပါဘူးလို့ ထုတ်ပြန်ထားပါတယ်။

ခနော ကြက်သားမှုန့်မှာလည်း အိုင်အိုဒင်းဆား၊ သကြားနဲ့ MSG တို့ကို အချိုးကျပေါင်းစပ်ပြီး ထုတ်လုပ်ထားတာပါ။ သဘာဝ အစားအစာတွေဖြစ်တဲ့ ပြောင်းဖူးနဲ့ ကြံကနေ ထုတ်လုပ်ထားတဲ့ MSG ၁၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။

Cut_sugarcane

ဆား

MSG မှာ ဆီုဒီယမ် ဓာတ်တစ်မျိုးဘဲပါဝင်ပေမယ့် ဆားမှာတော့ ဆိုဒီယမ် ကလိုရိုက်ဒ် တို့ နဲ့ တခြား ကွဲပြားတဲ့ ဆိုဒီယမ်ဓာတ်တွေပါဝင်ပါတယ်။ ဆိုဒီယမ်ဓာတ်ကို ဆားမှာတင်မကဘဲ နံနံပင်၊ နွားနို့ တို့မှာ တွေ့ရပါတယ်။ ဒါပေမယ့် ပဲငံပြာရည်တို့၊ ငံပြာရည်နဲ့ ဆားတို့မှာတော့ ဆိုဒီယမ် ပါဝင်မှု များပါတယ်။

ဒါကြောင့် ဘာပဲသုံးသုံး တန်ဆေး လွန်ဘေး ရှိတာကြောင့် ချင့်ချိန်သုံးတတ်ဖို့ပဲ လိုတာပါ။

လူတစ်ယောက်က ထမင်းတစ်နပ်ကို ဆိုဒီယမ် ပမာဏ ၈၀၀ mg ထက်ပိုပြီး မစားသင့်ပါဘူး။ ဆိုဒီယမ်ပမာဏ ၈၀၀ mg ဟာ ဆားဆိုရင် လက်ဖက်ရည်ဇွန်းရဲ့ ၃ ပုံ ၁ပုံ၊ ပဲငံပြာရည် ဆိုရင် လက်ဖက်ရည်ဇွန်းရဲ့ ၁ ဇွန်း၊ ကြက်သားမှုန့်ဆိုရင် လက်ဖက်ရည်ဇွန်းရဲ့ ၁ ဇွန်း၊ ငံပြာရည် ဆိုရင် လက်ဖက်ရည်ဇွန်းရဲ့ ၂ ဇွန်း၊ ခရုဆီ ဆိုရင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ နဲ့ ညီမျှပါတယ်။

ဒါကြောင့် ကြက်သားမှုန့်၊ ဆား တို့ကမှ ကျန်းမာရေး ထိခိုက်တယ်လို့ မဟုတ်ပါဘူး။ ကိုယ့်ဟင်းလျာထဲကို ဆိုဒီယမ် ပါဝင်တဲ့ ပမာဏတို့ကို သေချာ ဂရုစိုက်ရင် ကျန်းမာရေးကို ထိခိုက်မှာမဟုတ်ပါဘူး။