ပိန္နဲသီးဟာ မိုးဦးကျမှာ ပေါတဲ့ အစားအစာ ဖြစ်ပြီး အခု အချိန်မှာတော့ အနည်းငယ် ရှားသွားပြီလို့ ပြောလို့ ရပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ် သုံးကြိမ်တော့ ပေါ်တတ်ပါတယ်။ အသီးမှာ ဆူးတွေ ရှိပြီး အထဲက အသီးအနှစ်ဟာ ချိုပြီး အေးမြနေတဲ့ အရသာ ရှိပါတယ်။ မွှေးကြိုင်တဲ့ အနံ့ဟာ စားချင်စိတ်ကို နိုးဆွပေးပါတယ်။ ပိန္နဲသီးဟာ မမှည့်ခင် အစိမ်းမှာတင် ဟင်းအဖြစ် ချက်စားကြသလို အစေ့ကိုလည်း သရေစာ အဖြစ် စားကြပါတယ်။ ပိန္နဲသီးကို အနောက်နိုင်ငံတွေမှာတော့ ဖျော်ရည် အဖြစ် သောက်သုံးကြတာ များပါတယ်။

Health-Benefits-of-Jackfruit

ပိန္နဲသီးမှာ ပရိုတင်း၊ ရေငွေ့ဓာတ်၊ အဆီဓာတ်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖော့စဖောရပ်စ်၊ ကယ်လိုရီ၊ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီတူး တို့ ပါဝင်ပါတယ်။ ပိန္နဲသီးကို ပုံမှန်စားပေးသူတွေဟာ အရေပြားနဲ့ ဆိုင်တဲ့ ရောဂါတွေ မဖြစ်ပွားတော့ကြောင်း စင်ကာပူ ဆေးသုတေသန မှတ်တမ်းတွေက ဖော်ပြထားပါတယ်။ အစာလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာစေပြီး သွေးတိုးရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။ နှလုံးကျန်းမာရေး အတွက် ပိန္နဲသီးကို စားပေးနိုင်ပါတယ်။ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးနိုင်ပြီး သွေးပေါင်ချိန်ကို ပုံမှန်အနေအထား ဖြစ်စေပါတယ်။

jacktree

အရွယ်တင်စေတဲ့ ပိန္နဲသီးဟာ ကင်ဆာကိုလည်း ကာကွယ်နိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ကိုယ်ခံအားကို တက်စေပြီး ရောဂါဝေဒနာတွေကို ခုခံပေးနိုင်စွမ်းပါတယ်။ အကြောရောင်ရောဂါ၊ အရိုးအဆစ်ရောင်ရောဂါ၊ ဖောရောင်ခြင်းနဲ့ခံတွင်းကျန်းမာရေးတို့ကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်စေပြီး ကာမကို အားပေးပါတယ်။ ပိန္နဲသီးအစိမ်းကတော့ လေချုပ်တတ်လို့ ချင့်ချိန် စားသုံးသင့်ပါတယ်။ ပိန္နဲသီးကို တခါတည်း များများ စားမိရင် ဝမ်းပျက်တတ်ပါတယ်။

Credit: health digest