အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ကိုရီးယားချစ်သူများအတွက် ဖော်ပြပေးချင်တာကတော့ ကိုရီးယား ပဲကြာဇံကြော် ချက်နည်းလေးပဲဖြစ်ပါတယ်။ အရသာအလွန်ရှိပြီး ခံတွင်းမြိန်တာကြောင့် အိမ်မှာ မိသားစုဝင်များနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ စုစုဝေးဝေး ချက်ပြုတ်စားသောက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဥနီ – Carrots
  • ကြက်သွန်နီ – Onions
  • ရှီတာကီမှို – Shitake Mushrooms
  • ဟင်းနုနွယ်ရွက် – Spinach
  • ပဲငံပြာရည်အကြည် – Soy Sauce
  • သကြား – Sugar
  • ပဲငံပြာရည်အပြစ် – Dark Soy Sauce
  • အမဲသားမှုန့် – Dasida
  • ပဲကြာဇံ – Glass Noodles
  • ရေ – Water 4 (250 ml spoons)

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ပဲကြာဇံ ကြော်ဖို့အတွက် ဆော့အရင် လုပ်ပါ့မယ်။ ရေ – Water 4 (250 ml Spoons)၊ ပဲငံပြာရည်အကြည် – Soy Sauce 1 (250 ml Spoons)၊ သကြား – Sugar 1 (250 ml Spoons) ၊ အမဲသားမှုန့် – Dasida 2 (Tablespoons) ၊ ပဲငံပြာရည်အပြစ် – Dark Soy Sauce 1/2 (Tablespoons)၊ အားလုံးတို့အား ဇလုံတစ်ခုထဲတွင်ထည့်၍သမအောင် ရောမွှေထားပါ။
  2. ပဲကြာဇံ – Glass Noodles ပြုလုပ်နည်း သုံးမျိုးလောက် ရှိပါတယ်။ ဒါကကြော်တဲ့နည်းပါ။(ကျွန်တော့်ရဲ့ ကိုယ်ပိုင် နည်းပါ) ပြုလုပ်ရတာ အရမ်း လွယ်ပါတယ်။
  3. ပုံတွင်ပါသော Glass Noodles အထုပ်ကို ဖောက်၍ရေထဲတွင် နာရီဝက်စိမ်ထားရပါမယ် Noodles များပျော့သွားလျှင် တစ်ထွာစာလောက် ကက်ကြေးဖြင့်ညှပ်ထားပါ
  4. ထို့နောက် ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲသို့ သုံးမိနစ်ခန့်ထည့်၍ ဇကာဖြင့်ရေပြန်စစ်ထားပါ။
  5. ပြုလုပ်ပုံအဆင့်ဆင့် ဒယ်အိုးထဲသို့ဆီအနည်းငယ်(နည်းနည်းလေးသာ)ထည့်၍ ကြက်သွန်ဖြူကိုဆီသတ်ပါ ထို့နောက် ပြုလုပ်ထားသော Glass Noodles Sauce 1 (250 ml) တစ်ဇွန်းထည့်ပါ ဇကာဖြင့်စစ်ထားသော glass noodles ထည့်ပါ ပုံတွင်ပြထားသည့်အတိုင်း ဓားဖြင့်ပါးပါးလှီးထားသော မုန်လာဥနီ,ကြက်သွန်နီ….Spinach(အရွက်)ထည့်ပါ….ရေခြောက်ကာနည်းလျှင် အပေါ်မှ နှမ်းဆီဖြန်းပြီး အနည်းငယ်မွှေ၍ မီးဖိုပေါ်မှချကာသုံးဆောင်နိုင်ပါသည်။

မှတ်ချက်။ ပြုလုပ်ပုံများစွာရှိပါသည် အရွက်များကို တစ်ခုစီ မာဒီနိတ်ပြုလုပ်၍ အသုပ်ပုံစံပြုလုပ်၍လည်း ရပါသည်။ ယခုနည်းက လွယ်ကူမြန်ဆန်စွာကြော်သော ကျွန်တော့်၏ ကိုယ်ပိုင်နည်းဖြစ်ပါသည်။

မှတ်ချက်။ ပြုလုပ်ပုံများစွာရှိပါသည် အရွက်များကို တစ်ခုစီ မာဒီနိတ်ပြုလုပ်၍ အသုပ်ပုံစံပြုလုပ်၍လည်း ရပါသည်။ ယခုနည်းက လွယ်ကူမြန်ဆန်စွာကြော်သော ကျွန်တော့်၏ ကိုယ်ပိုင်နည်းဖြစ်ပါသည်။

Credit: ဇွဲသုသု