အခုလိုပူပြင်းတဲ့နွေရာသီမှာ အရည်သောက်တစ်ခုခုပါမှ ထမင်းစားရတာ ပိုစားကောင်းသလိုခံစားရပါတယ်။ အရည်သောက်မပါတဲ့နေ့တွေဆိုရင် ထမင်းစားရတာ ခြောက်ကပ်ကပ်ကြီးနဲ့ တစ်ခုခုလိုနေသလို ခံစားရပါတယ်။ ဒါ့ကြောင့် ထမင်းစားမြိန်ဖို့အတွက် အရသာရှိတဲ့ ပဲပြား မှိုဟင်းရည်ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီးတစ်လုံး (လေးထောင့်တုံးများ လှီးဖြတ်ထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • မှို ၁၀၀ ဂရမ် (ပါးပါးလှီးထားပါ)

  • ရေ တစ်လီတာခွဲ
  • ပဲပြား ၂ တုံး (အနေတော်အတုံး တုံးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်းတစ်ဇွန်း
  • ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဒယ်အိုးအကြီးတစ်လုံးထဲတွင် ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်နှင့် မှိုများထည့်ပြီး ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

၂။ ရေ ထည့်ပြီးနောက် ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ ဆူလာပါက ပဲပြား၊ ပဲငံပြာရည်နဲ့ ကြက်သွန်တို့ထည့်ပြီး မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ပါ။

၃။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။ အရသာအနေတော်ဖြစ်ပြီဆိုပါက မီးအပူချိန်နည်းနည်းနဲ့ ၈ မိနစ်ခန့် တည်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြား မှိုဟင်းရည်တစ်ခွက်ကို ထမင်းစားတဲ့အခါ ပိုပြီးစားမြိန်အောင် သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

Source: thespruceeats.com