ကမ္ဘာ့နာမည်ကြီး အဆိုတော်၊ သရုပ်ဆောင် Jennifer Lopez က မကြာခင်မှာ အသက် ၅၀ ပြည့်တော့မယ်ဆိုပေမယ့် အခုထက်အထိ အသက် ၂၀ ကျော်အရွယ်လိုပါဘဲ။ ခန္ဓာကိုယ်က ပိန်ပါးပြီး သွက်လက်နေတုန်းပါပဲ။

သူ့မှာ ဘယ်လို လျို့ဝှက်ချက်တွေ ရှိသလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ အော်ဂန်းနစ် အစားအစာတွေဘဲ စားပါတယ်

ဂျေလိုးရဲ့ နံပါတ် ၁ Diet လျို့ဝှက်ချက်ကတော့ အော်ဂန်းနစ် အစားအစာတွေဘဲဖြစ်ပါတယ်။ သူက အော်ဂန်းနစ် အသီးအနှံ၊ ဟင်းသီးဟင်းရွက် နှင့် အသားငါးတွေကိုဘဲ စားပါတယ်။ အဆိပ်အတောက်ကင်းတဲ့ အော်ဂန်းနစ်အစားအစာတွေက ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပြုံလာတာကို ကာကွယ်ပေးပါတယ်။

၂။ အရက်သေစာနဲ့ ကဖိန်းဓာတ်ကို ရှောင်ကြဉ်

ဂျေလိုးက ပါတီတွေတက်တာမျိုးရှိပေမယ့် တတ်နိုင်သမျှ အရက်သေစာကိုရှောင်ကြဉ်ကြပါတယ်။ အဲဒီအပြင် ကဖိန်းဓာတ်ကိုလည်း ရှောင်ကြဉ်ပါတယ်။ ဒီလိုရှောင်ကြဉ်မှုက ခန္ဓာကိုယ်ထဲမှာ အင်ဆူလင် မြင့်တက်မှုကို ကာကွယ်ပေးပါတယ်။

၃။ ပရိုတင်း စားသုံးမှုကိုမြှင့်တင်

ပရိုတင်းဓာတ်က ၂ နာရီကျော်ကြအောင် ဗိုက်ပြည့်နေသလို ခံစားရပြီး ကြွက်သားတွေ တည်ဆောက်ရာမှာလည်း ကူညီပေးပါတယ်။ ဒါ့ကြောင့် ဂျေလိုးရဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ရအောင် ပရိုတင်းဓာတ်ကကူညီပေးတာပါ။

၄။ အဆာပြေအစားအစာကို အသီးဘဲစား

အဆာပြေ အစားအစာကို အာလူးကြော်တွေ စားမယ့်အစား အသီးအနှံ၊ သခွားသီး၊ ခရမ်းချဉ်သီးစတာတွေကို စားသုံးပါတယ်။ ဒါတွေက ကယ်လိုရီကို နည်းစေပြီး၊ အဆီနည်းစေပါတယ်။

၅။ အခွံမာအသီးတွေ စားသုံး

အခွံမာအသီးတွေမှာ ဗီတာမင်၊ ပရိုတင်း၊ ကျန်းမာတဲ့ အဆီ၊ အမျှင်ဓာတ် တွေနဲ့ သတ္တုဓာတ်တို့ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို အာဟာရပြည့်စေပြီး စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။

Photo Credit: Style Craze