ပဲခေါက်ဆွဲ Jjajangmyeon (Noodles in Black Bean Sauce)

Share this on:

ကိုရီးယား ပဲခေါက်ဆွဲ Jjajangmyeon (Noodles in Black Bean Sauce)လေး လုပ်စားကြရအောင် ။ဝက်သား မစားသော သူများ ကြက်အသားကြီးပဲကို အစားထိုး အသုံးပြုလို့ ရပါတယ် ။  ဘာသားမှ မထည့်ပဲ သက်သက်လွတ် ပြုလုပ်ပြီး စားသုံးလို့လဲ ရပါတယ် ။  ကြက်ဥပြုတ် တစ်လုံး ထည့်ပြီး စားသုံးလို့ ရပါတယ်

11807146_1632275763718469_8001784211572681410_o

ပါဝင်ပစ္စည်းများ

  • ဝက်သား - အနည်းငယ်
  • ကိုရီးယား ပဲအနှစ် (Choonjang) - ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆီ - ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ခရုဆီ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ပြောင်းဖူးဖလာမှုန့် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်နီ - ၂ လုံး (ပါးပါးလှီးထားပါ)
  • ဇူကီနီ (Zucchini) - 1 လုံး
  • အာလူး - ၂ လုံး
  • ဂျပန်သခွားသီး - အနည်းငယ်
  • ရေ - အနည်းငယ်

ပြုလုပ်အနည်း

  1. ပထမဦးစွာ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ကြက်သွန်နီတစ်လုံးကို ပါးပါးလှီး၍ ကြက်သွန်နီ နီရဲပြီး ကျွမ်းသွားသည်ထိ ဆီသတ်ပါ (အနံ့ပဲ ယူတာ ဖြစ်ပါတယ်) ။   ကြက်သွန်နီ အဖက်များကို ဆယ်ထုတ်ပြီး လွင့်ပစ်လိုက်ပါ ။
  2. ဆီထဲသို့ ပုံတွင် ဖော်ပြထားသော ကိုရီးယား ပဲအမဲရောင် အနှစ် ၊ စားပွဲတင်ဇွန်း ၄ ဇွန်း ထည့်ပြီး မီးအေးအေးနှင့် နှံ့အောင် မွှေပေးပါ ။  ထို့နောက် အိုးထဲမှ ဆီများအား ဇွန်းဖြင့် အသာခပ်ထုတ်ပြီး ပန်းကန်လုံး တစ်ခုထဲ ထည့်ထားပါ ။
  3. ဒယ်အိုးထဲမှ ပဲအနှစ်ထဲသို့ သကြား စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး နှံ့အောင် မွှေပေး၍ မီးပိတ်ထားလိုက်ပါ ။
  4. ဝက်သားကို သေးသေးလေးတွေ တုံးပြီး ဖယ်ထားတဲ့ ဆီဖြင့် ကြော်ပါ ။  ဆီနဲလျှင် ဆီအနည်းငယ် ထပ်ထည့်လို့  ရပါတယ် ။ 
  5. အသားနူးသွားပါက ပါဝင်ပစ္စည်းများ ဖြစ်တဲ့ (ကြက်သွန်နီ ၊ ဇူကီနီ ၊ အာလူး)တို့ကို ပုံတွင် ပြထားသည့် အတိုင်း အတုံးလေးများ တုံးပြီး ၊ အသားဖြင့် ရောလှိမ့်ပါ ။  ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ ။  
  6. ထို့နောက် ပြောင်းဖူး ဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံ မှုန့် ၂ ဇွန်းကို + ရေ ၃ ဇွန်းဖြင့် ဖျော်ပြီး ထည့်ပေးပါ ။
  7. ပထမဆုံး ဆီသတ်ထားတဲ့ ကိုရီးယား ပဲအနှစ်ပါ ရောထည့်ပြီး မွှေပေးပါ ။  ရေအနည်းငယ် ထည့်ပါ ။   အရသာ မြည်းကြည့်ပြီး အာလူး နှင့် အသီးအနှံများ နူးလျှင် ပြုတ်ထားသော ခေါက်ဆွဲပေါ်သို့ လောင်းထည့်ပြီး အသင့် စားသုံးနိုင်ပါပြီ ။
  8. မှတ်ချက်  -   ခေါက်ဆွဲကတော့ မိမိကြိုက်နှစ်သက်တဲ့ခေါက်ဆွဲသုံးပါ။ အပေါ်တွင် ဂျပန်သခွားသီးကို ပါးပါးလှီး အလှဆင်ပြီး စားသုံးနိုင်ပါပြီ ။ 
Credit: ဇွဲသုသု

Review

User Rating

3.8 (6 Votes)