မိုးအေးအေးလေးရွာရင် ခေါက်ဆွဲ ချဉ်စပ်လေးစားချင်တတ်ပါတယ်။ မိုးအေးအေးလေးနဲ့ ရှူးရှဲ ချဉ်စပ်ခေါက်ဆွဲလေးချက်စားနိုင်အောင် လုပ်နည်းလေး ဝေမျှလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ (၃ ယောက်စာ)

  • ဖရုံသခွားသီး ၅၀ ဂရမ်
  • တရုတ်မှို (Shitake Mushrooms)  ၅၀ ဂရမ်
  • (ရေဆေး၊ ပါးပါးလှီးထားပါ)
  • ဂေါ်ဖီ ၁၂၀ ဂရမ်
  • ကြက်သွန်နီ ၃၅ ဂရမ်

Source: nabo-rajec.cz

  • ယောက်သွား ၆ ခု
  • ဂုံး၊ ပုစွန် (၆ ကောင်စီ)
  • ပြည်ကြီးငါး ၆ ကောင်
  • ကိုရီးယား ခေါက်ဆွဲ ၄၅၀ ဂရမ်
  • မုန်ညှင်းစိမ်း ၂၀ ဂရမ်

ငရုတ်သီးဆော့လုပ်ရန်

  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂၀ ဂရမ်

ဟင်းရည်မှာထည့်ရန်

  • ဆန်အရက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၅ ခွက်စာ
  • ဆား
  • ငရုတ်ကောင်း အမည်း

ပြုလုပ်နည်း

အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးလိုက်ပါ။ ပူလာရင် ဆီထည့်ပါ။ ကိုရီးယား ငရုတ်သီးအနှစ်၊ ကြက်သွန်ဖြူ။ ဂျင်း၊ ကြက်သွန်မြိတ် တို့ကိုထည့်ပြိး ၁ မိနစ်၊ ၂ မိနစ်လောက် ကြော်လိုက်ပါ။

ငရုတ်သီးတွေကို မတူးအောင် သတိထားပါ။ တူးသွားရင် ခါးသွားပါလိမ့်မယ်။

မီးကို အလယ်အလတ်ထားပြီး ဖရုံသခွားသီး၊ မှို၊ ဂေါ်ဖီ၊ ကြက်သွန်နီတို့ကို ထည့်ပါ။ ယောက်သွား၊ ဂုံး၊ ပုစွန်၊ ပြင်ကြီးငါးတို့ကို ထည့်ပြီး လှော်ပါ။

ဆန်အရက်၊ ပဲငံပြာရည်၊ ရေတို့ကိုထည့်ပါ။ မီးကို အလယ်အလတ်မှာထားပါ။ အိုးထဲမှာထည့်ထားတဲ့ ပစ္စည်းတွေကို မြှုပ်အောင်ရေကို ထည့်ပြီး ၈ မိနစ်လောက်တည်ထားပါ။အိုးကို အဖုံးနဲ့ အုပ်ထားပါ။

ဆား၊ ငရုတ်ကောင်းထည့်ပါ။ ပြီးရင် မုန်ညှင်းရွက်ထည့်ပါ။

ဟင်းရည်တည်ထားနေတဲ့အချိန်မှာလည်း ခေါက်ဆွဲကို ရေနွေးအိုးထဲထည့်ပြီးပြုတ်ထားပါ။ ခေါက်ဆွဲနူးလာရင်တော့ ခေါက်ဆွဲကိုဆယ်ယူပြီး ရေအေးထဲထည့်ထားပါ။

ချက်ချင်းမစားသေးဘူးဆိုရင် ပင်လယ်စာ၊ ခေါက်ဆွဲ နဲ့ ဟင်းရည်ကို ပန်းကန် ၃ လုံးနဲ့ ထည့်ထားပါ။ ချက်ချင်းစားမယ်ဆိုရင် အားလုံကို တစ်ခါတည်းရောစားလိုက်လို့ရပါတယ်။

Photo Credit: MyKorea Kitchen