ဦးနှောက်တွေရဲ့အားအင်တွေ တိုးစေဖို့ အတွက်က အစားအစာတွေပေါ် မူတည်နေပါတယ်။ သိပ္ပံနည်းအရ အစိမ်းရောင် ဟင်းရွက်တွေနဲ့ အသီးအနှံတွေဟာ စိတ်ကျန်းမာစေဖို့ နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဦးနှောက်စွမ်းအင်တွေ တိုးတက်လာတဲ့ သဘာ၀ ဖျော်ရည်တွေကို သောက်ပေးခြင်းဖြင့် မှတ်ဉာဏ်စွမ်းအားကို တက်စေပြီး ခဏခဏ မေ့လျော့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ စိတ်ကျခြင်းနဲ့ စိတ်ပင်ပန်းခြင်းတွေကိုလည်း သက်သာလာစေပါတယ်။ ဒီဖျော်ရည်တွေကတော့ ၅မျိုး ရှိပါတယ်။

Berry Smoothies

berry-smoothies

ဦးနှောက်ရဲ့ စွမ်းအင်ကို တိုးပေးနိုင်စွမ်းရှိတဲ့ ဘယ်ရီသီးဖျော်ရည်ဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး ကိုယ်ခံအားကိုပါ တိုးပွားစေနိုင်ပါတယ်။ စိတ်ရဲ့ ကျန်းမာခြင်းကိုလည်း ကောင်းမွန်စေတဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာ ပါဝင်တဲ့ အတွက် လူနဲ့ တည့်တဲ့ ဖျော်ရည်ပါ။

မုန်လာဥနီဖျော်ရည်

carrot-juice

မုန်လာဥနီဟာ မျက်လုံးအတွက် ကောင်းမွန်စေပြီး ကင်ဆာဆဲလ်တွေ သေဖို့အတွက်လည်း အကူအညီဖြစ်စေတယ် ဆိုတာ သိကြပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကိုပါ ကောင်းမွန်စေနိုင်တဲ့ မုန်လာဥနီပါ။ ဘီတာကရိုတင်းနဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို နိုးကြားစေနိုင်ပါတယ်။

ကိုကိုး ဖျော်ရည်

cocoa-drink

cocoa ဖျော်ရည်ဟာ စိတ်ရဲ့ ကျန်းမာစေခြင်းကို ပြည့်စုံစေတဲ့ ဖျော်ရည်ပါ။ ကောင်းမွန်တဲ့ ဓာတ်တွေကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေဖို့ အကူအညီပေးနိုင်ပါတယ်။ ကိုကိုဖျော်ရည်နဲ့ ချောကလက်ဖျော်ရည်တွေဟာ ဦးနှောက်ရဲ့ သွေးကြောတွေကို ကောင်းမွန်စွာ အလုပ်လုပ်စေဖို့ ကူညီပေးနိုင်ပါတယ်။

ဝိုင်နီ

wine

ဝိုင်နီဟာ ဦးနှောက်ရဲ့ ဆဲလ်တွေကို ပြုပြင်ပေးနိုင်ပြီး အသက်အရွယ် ကြီးရင့်စေမှုကို လျှော့ချပေးနိုင်ပါတယ်။ တစ်နေ့ကို ဝိုင်အနီတစ်ခွက် သောက်ပေးခြင်းဟာ ဦးနှောက်ကို ကျန်းမာစေပြီး အိုမင်းရင့်ရော်ခြင်းကို မဖြစ်စေနိုင်ပါဘူး။

Source: zeenews