အသီးအနှံတွေဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ အဓိကကျတဲ့ အရာတွေပါ။ ဒီအထဲကမှ ကျန်းမာစေပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးဖျော်ရည် ၉မျိုးကို မျှဝေချင်ပါတယ်။

၁။ သခွားသီးဖျော်ရည်

Source: Health Thoroughfare

ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့ အပြင် အသားအရေကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ တစ်နေ့၂ခွက် ပုံမှန်သောက်ပေးပါ။

၂။ မုန်လာဥနီဖျော်ရည်

Source: timesofindia.indiatimes.com

မျက်လုံးအားကောင်းစေပြီ အကြောတက်တာကိုပါ သက်သာစေနိုင်ပါတယ်။ ဗိုက်ပြည့်လွယ်တာကြောင့် ညဘက်တွေမှာ သောက်သုံးသင့်ပါတယ်။ အချိုကိုတော့ပါတယ်ဆိုရုံပဲ ထည့်သင့်ပါတယ်။

၃။ ကော်ဖီထုပ်ဖျော်ရည်

Source: Daily Health Series

ကော်ဖီထုပ်ကို ဖျော်ရည်လုပ်သောက်ဖို့ ဆိုတာ အဆန်းတော့ ဖြစ်နေမှာပါ။ ဒါပေမယ့် အမှန်တကယ် အဆီကျချင်တယ်ဆိုရင်တော့ ဒီနည်းက သင့်တော်ပါတယ်။ ကော်ဖီထုပ်ကို ဟင်းရည်အဖြစ် ချက်သောက်ရင်လည်း ရပါတယ်။

၄။ တရုတ်နံနံဖျော်ရည်

Source: Times of India

အသက်ရှည်ဆေးလို့တောင် ပြောကြတဲ့ တရုတ်နံနံပင်ကို အရည်ကြိတ် သောက်ပေးရင်တော့ သွေးထဲက အဆီဓာတ်ကိုပါ ဖယ်ရှားပေးပါလိမ့်မယ်။ အနံ့ကတော့ နည်းနည်း သည်းခံရမယ်လို့ ပြောပါရစေ။

၅။ ဟင်းနုနွယ်ဖျော်ရည်

Source: Styles At Life

ဟင်းနုနွယ်ကို သတ္တုရည်အဖြစ် ပြောင်းသောက်လိုက်တဲ့အခါ ဝမ်းကို မှန်စေတယ်။ အရေပြား ပြဿနာကို သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သလို မျက်စိကိုလည်း ကြည်လင်စေပါတယ်။

၆။ ခရမ်းချဉ်သီး ဖျော်ရည်

Source: PepperScale

ခရမ်းချဉ်သီး ဖျော်ရည်ဟာ အရသာ ရှိပြီး သောက်လို့ကောင်းတဲ့ ဖျော်ရည်မျိုးပါ။ ကိုယ်အလေးချိန် အတွက်ဆိုရင်တော့ အချိုကို လျှော့ထည့်ပါ။

Featured Image Source: zombiereapercrew.com