မင်္ဂလာပါနော်။ အခုတလော ညညအိပ်မပျော်ဘူးဖြစ်နေလားရှင့်။

2

အိပ်မပျော်လို့ မနက်စောစောမထနိုင် လုပ်စရာရှိလို့ အတင်းကုန်းရုန်းထရပေမဲ့ တစ်နေကုန်ဘာလုပ်လုပ်အဆင်မပြေဖြစ်နေလား။ အိပ်မပျော်ပါဘူးဆို Facebook ကြည့်လိုက် ဂိမ်းဆော့လိုက်နဲ့မို့ ပိုပြီး အိပ်မပျော်ဖြစ်နေလား။ ဒါဆိုရင်တော့ တစ်ခုခုလုပ်ဖို့လိုပါပြီ။

အိပ်မပျော်ခြင်း

အိပ်မပျော်တာဟာ စိတ်ဖိစီးမှု စိတ်ဓါတ်ကျမှု စိုးရိမ်ပူပန်မှုတွေနဲ့ တခြား လူမှုရေး စီးပွားရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ယာဝင်ချိန်မှာ အဲဒီအကြောင်းအရာတွေ စဉ်းစားမိရင်း ပိုပိုလို့ ညည့်နက်လာလေလေ အိပ်မပျော်လေလေပါပဲ။

ကဲဘယ်လိုဖြေရှင်းကြမလဲ

3

အဓိကရှောင်ရမဲ့အချက်တွေကို အရင်ပြောပြပါမယ်။ TV မကြည့်ပါနဲ့။ အိပ်ယာအဝင်ခင် ၁ နာရီလောက်အတွင်း ကွန်ပျူတာနဲ့ အလုပ်မလုပ်ပါနဲ့။ ဒါတွေက အိပ်ပျော်ဖို့အတွက် များစွာအထောက်အကူဖြစ်မှာပါ။ သီချင်းအေးအေးလေးတွေ နားထောင်ပါ။ နားထောင်တဲ့အခါ အာရုံစူးစိုက်ပြီး အဓိပ္ပာယ်ဖော်ပြီးနားထောင်ပေးပါ။

သဘာဝနည်းလမ်းနဲ့လည်း ပြုလုပ်ကြည့်မယ်

4

5

 

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြားအညို လက်ဖက်ရည်ဇွန်း ၅ ဇွန်း

ပြုလုပ်နည်း

6

ပါဝင်ပစ္စည်းတွေကိုရောပြီး အဲဒီရောထားတဲ့ ဆားနဲ့သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို လျှာအောက်မှာထားပါ။ မကြာခင်မှာ အရည်ပျော်သွားမှာဖြစ်ပါတယ်။ အဲဒါကို မျိုချနိုင်ပါတယ်။ ဆားနဲ့ သကြားပမာဏကို ၁ : ၅ ထည့်ဖို့လိုပါတယ်။

7

အိပ်ရေးဝလို့ အိပ်မက်လှလှမက်ကြပါစေ။