အားကောင်းစေဖို့ လူအများစားသုံးကြတဲ့ အမဲသားကို ကချင်ရိုးရာအနေနဲ့ ဟင်းလေးပြောင်းပြီး စားကြည့်ရအောင်။ ချက်တာလည်းမဟုတ်ဘူး၊ ပြုတ်တာလည်းမဟုတ်ဘူး၊ အထောင်းလေးနော်။

ပါဝင်ပစ္စည်းများ

  • အမဲလိုင်းသား – ၁၅၀ ဂရမ်
  • ဂျူးမြစ် – ၃၀ ဂရမ်
  • ဖက်ဖယ်ရွက် – ၁ စည်း
  • ငရုတ်သီးစိမ်း – ၆ တောင့်
  • ကြက်သွန်ဖြူ – ၅ တက်
  • သံပုရာသီး – ၁ လုံး
  • ငါးငံပြာရည် – ၃ (စားပွဲတင်ဇွန်း)
  • ကြက်သားမှုန့် – အနည်းငယ်
  • ဆား – အနည်းငယ်
  • ဆီ – ၃ (စားပွဲတင်ဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. အမဲသားကို ရေသန့်စင်စွာဆေးပြီး မထူမပါး အပြာလေးတွေ လှီးပြီး ဆား ၊ ကြက်သားမှုန့် အနည်းငယ်ထည့်ပြီး နပ်ထားပါ ။
  2. ဒယ်အိုးတစ်လုံးထဲ ဆီ ထည့်ပြီး မီးအပူပေးပါ ။ ပူလာလျှင် အမဲသားထည့် ကျက်သွားသည်ထိ လှိမ့်ပေးပါ ။ ကျက်သွားလျင် ပန်းကန်တခုထဲ ခဏထည့်ထားပါ ။
  3. ဂျူးမြစ်‬ ၊ ဖက်ဖယ်ရွက်‬၊ ငရုတ်သီး ၊ ကြက်သွန်ဖြူ များကိုရေစင်အောင်ဆေးပါ ။ (အမဲသားထောင်ရန်အတွက်)
  4. ပထမဆုံး ကြက်သွန်ဖြူ ၊ ငရုတ်သီး ၊ ဂျူးမြစ် ၊ ဖက်ဖယ်ရွက်ထည့်ပြီး ထည့်ထောင်းပါ ။ ကြေညက်သွားပြီဆိုရင် အမဲသားထည့်ထောင်းပါ ။ ပြီးလျှင် သံပုရာသီး ၊ ငါးငံပြာရည် ၊ ကြက်သားမှုန့် ၊ ဆီထည့်ပြီး သမအောင်နယ်လိုက်ပါ ။ ဂျူးမြစ် အနံမွှေးမွှေးလေးနဲ့ ချဉ်စပ်အရသာလေးရှိတဲ့ ကချင် အမဲသားထောင်းကို ရရှိပါပြီ ။

Credit: ဆားလင်းကြီးသားလေး ကျနော်