ကြက်ကချင်ချက်

Share this on:

ကြက်ကချင်ချကိ

ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း
  • နနွင်းမှုန့်
  • ငံပြာရည်
  • ငရုတ်သီးစိမ်း
  • ဆား
  • ဆီ
  • ဖက်ဖယ်ရွက် 

ပြုလုပ်နည်း

  1. ကြက်သားကို ရေဆေး သန့်စင်ပြီး ရေစစ်ထားပါ ။
  2. ကြက်သားအိုးထဲတွင် ထည့်ပြီး ထောင်းထားသော ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဆား တို့ နှင့်နယ်ပါ ။
  3. ( သို့မဟုတ် ) ရောထောင်းထားသော ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ဂျင်းတို့ကို ကြက်သား နှင့် နယ်ပါ ။
  4. အိုးထဲတွင် ဆီအနည်းငယ် ထည့်ရ်ျ ဆီပူလာလျင် နနွင်းမှုန့် နှင့် နယ်ထားသော ကြက်သားကို ထည့်ရ်ျ ဆီသတ်ပါ ။
  5. ပြီးလျင် ငံပြာရည် နှင့် ရေအနည်းငယ် ထည့်ရ်ျ အဖုံးအုပ်ပြီး မီးအေးအေးဖြင့် တည်ပါ ။
  6. ရေကို နဲနဲစီ ကြက်သားနူးသည်အထိ တည်ပါ ။
  7. ကြက်သားနူးပြီး သောက်ဆမ်းကဲသို့ စားတာနှစ်သက်လျင် အရည်ကို များများ ချန်ပါ ။ (သို့မဟုတ်) ရေမခမ်း တခမ်းမှာ ဖက်ဖယ်ရွက်ကို ပါးပါးလှီး ထည့်ပြီး မီးဖိုပေါ်မှချပါ ။ (ဖက်ဖယ်ရွက် မရခဲ့လျင် ရှမ်းနံနံ ၊ ပူစီနံ ၊ နံနံပင် ၊ ပင်စိမ်းရွက် တို့ကို အုပ်လို့ ရပါတယ် ။)
  8. အရသာ အပေါ့အငံ အစပ်ကို မြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

3.9 (14 Votes)