ပုစွန်ကို ခရမ်းချဉ်သီးဆော့လေးနဲ့ စီချွမ်စတိုင်လေး ချက်စားရအောင်။

ပါဝင်ပစ္စည်းများ

ပုစွန် ၄၀၀ ဂရမ်

ဆီ အနည်းငယ်

ကြက်သွန်မြိတ် ၂ ချောင်း

ကြက်သွန်ဖြူ

ဂျင်း

ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

Ketchup ခရမ်းချဉ်သီးဆော့ စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ရေနွေးနွေး

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆားအနည်းငယ်

ပြုလုပ်နည်း

ပုစွန်ကို အရသာရှိအောင် ဆား၊ ဟင်းချိုမှုန့်တို့နဲ့ အရင်ဆုံး နယ်ထားလိုက်ပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး ပူအောင်လုပ်ပါ။ ပုစွန်ကို ထည့်ပြီး ကြော်ပါ။ ပုစွန် အရောင်ပြောင်းလာရင် ချက်ခြင်း ချလိုက်ပါ။

ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်တို့ထည့်ပြီး ဆီသပ်လိုက်ပါ။ အနံ့လေး မွှေးလာရင် Ketchup ထည့်ပြီး မွှေပါ။

ကြော်ထားတဲ့ပုစွန်ကို ပြန်ထည့်ပြီး သကြား၊ ပဲငံပြာရည် အကြည် တို့ကို ထည့်ပါ။ ၂ မိနစ် ၃ မိနစ်လောက်ချက်ပါ။ ဆော့စ်က ပျစ်လာပြီး ပုစွန်မှာ ကပ်သွားရင် ရပါပြီ။ အပေါ့အငန်မြည်းပြီး လိုရင်ဆားထည့်ပါ။

ဒါဆိုရင် ခရမ်းချဉ်သီးဆော့ ပုစွန်ကြော်လေးကို ရပါပြီနော်။

Photos Credit: China Sichuan Food