Kimchi Fried Rice

Share this on:

ပါဝင်ပစ္စည်းများ

ဂင်မ်ချီ 250g, ထမင်း 450g, အမဲသား 80g, ကြက်သွန်နီ 25g, မုန်လာဥနီ 70g, Olive Oil, ကြက်ဥ, နှမ်းဆီမွှေး, ငရုတ်ကောင်းမှုန့်, ဆား, သကြား ။

picture2

ထမင်းကို အဆင်သင့် ပြင်ထားပါ။

picture3

အသားကို ဓာတ်ပုံထဲတွင်ပါသည့် အရွယ်အစားအတိုင်း လှီးပေးပါ။ (အသားအစ အသားပြား Ham ကို ထည့်လို့လည်း ရပါတယ်။)

picture4

ဂင်မ်ချီကိုလည်း စားလို့ ကောင်းမယ့် အရွယ်အသားလောက် လှီးပေးပါ။

picture5

အရင်ဆုံး ကြက်သွန်နီနဲ့ မုန်လာဥနီကို အနေတော် အရွယ်အစားခန့် လှီးပြီး အသားနှင့် အတူ ဆီနည်းနည်းနဲ့ ကြော်ပေးပါ။

picture6

ထို့နောက် ဂင်မ်ချီကို ထည့်ပြီး ငရုတ်ကောင်း ၊ ဆား၊ သကြားတို့ကို လိုသလောက် ထည့်ပြီး အပေါ့အငံ ချိန်ပြီး ဆက်ကြော်ပေးပါ။

picture7

နောက်ဆုံးမှာ ထမင်းကို ထည့်ပြီး ဂင်မ်ချီအနှစ်များ နှံ့အောင် သေချာလှိမ့်ပြီး ကြော်ပေးပါ။

picture8

ကြော်ပြီးနောက် အပေါ်မှာ ကြက်ဥကြော်လေး တင်ပေးလိုက်မယ်ဆိုရင် ဂင်မ်ချီထမင်းကြော် အဆင်သင့် စားသုံးနိုင်ပါပြီ။

For more useful information about Korean Food, you can visit

 

Review

User Rating

3 (5 Votes)