အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ်မှာတော့ ကိုရီးယားဟင်းလျာ ကင်ချီ ပဲပြားဟင်းရည်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

အသားအတွက် လိုအပ်သည့် ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၁၈၀ ဂရမ်
  • ဟင်းချက် ဝိုင်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ကင်ချီနှင့် အခြားဟင်းခပ်ပစ္စည်းများ

  • ၂ ပတ် (သို့) ၃ ပတ်ခန့် စိမ်ထားသော ကင်ချီ
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)
  • မှို ၅ ဂရမ် (ပါးပါးလှီးဖြတ်ထားပါ)
  • ပဲပြား ၁၅၀ ဂရမ် (၁ စင်တီမီတာ အထူ ထောင့်မှန်စတုံဂံပုံသဏ္ဍာန်လှီးထားပါ)

  • ရေ ၂၅၀ မီလီလီတာ
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခန့်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဝက်သားကို အနေတော်အတုံးလှီးထားပြီးနောက် ဝိုင်ဖြူနဲ့ ငရုတ်ကောင်းမှုန့်ထည့်ကာ နယ်ပြီးနောက် အသားထဲစိမ့်ဝင်သွားဖို့အတွက် ၁၅ မိနစ်ခန့် သိပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ကင်ချီကို နူးညံ့လာသည်အထိ ကြော်ပေးလိုက်ပါ။

၃။ အခြားအိုးတစ်လုံးထဲတွင် ဝက်သားထည့်ပြီးနောက် ကင်ချီ၊ မှို၊ ကြက်သွန်နီ၊ ပဲပြားနဲ့ ဟင်းခပ်ပစ္စည်းအားလုံးကို အိုးထဲထည့်လိုက်ပါ။ (ကြက်သွန်မြိတ်ကိုတော့ မီးဖိုပေါ်ကချခါနီးမှ ထည့်ရမှာမို့လို့ ဖယ်ထားလိုက်ပါ)

၄။ ရေထည့်ပြီးနောက် အသားများ နူးညံ့လာသည်အထိ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။ အသားများ နူးညံ့ပြီး ကျက်သွားပြီဆိုမှ မီးပိတ်လိုက်ပြီး ကြက်သွန်မြိတ်များ ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကင်ချီပဲပြားဟင်းရည်စပ်စပ်ကလေးကို ထမင်းစားတဲ့အခါ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: mykoreankitchen.com