အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ကိုရီးယားကင်ချီကို အာလူးနဲ့ကြော်ပြီး အရသာရှိရှိစားသုံးနိုင်မယ့်နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၃ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းအနည်းငယ်
  • ဝက်ဆားနယ်ခြောက် ၂ ပြား (မထည့်လည်းရပါတယ်)

  • ကင်ချီအနည်းငယ် (အနေတော်လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ အသေး ၁ လုံး (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ချိစ် ၄ အောင်စခန့် (အချောင်းလိုက် ခြစ်ချထားပါ)
  • ကြက်သွန်မြိတ် ၁ ချောင်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

Oven ကို ၄၅၀ ဒီဂရီဖြင့် အရင်ဦးဆုံး အပူပေးထားပါ။ အာလူးများကို အချောင်းလိုက်လှီးဖြတ်ထားပြီး Oven ထဲထည့်မယ့် လင်ဗန်းထဲသို့ထည့်ထားပါ။ ထို့နောက် အာလူးချောင်းပေါ်သို့ သံလွင်ဆီ၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆားနဲ့ ငရုတ်ကောင်းတို့ဖြူးလိုက်ပြီး Oven ထဲမှာ ၄၅ မိနစ်ခန့် ထည့်ထားပါ။

အာလူးထည့်ထားတဲ့အချိန်က မိနစ် ၃၀ ခန့်ပြည့်သွားပါက ဝက်ဆားနယ်ခြောက်များကို ကြွက်ကြွပ်ရွရွလေးဖြစ်အောင်ကြော်ထားပြီး ဆီစစ်ထားလိုက်ပါ။

ထို့နောက် ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းဖြင့် ကင်ချီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့ ထည့်ကြော်ပါ။ တစ်ဆက်တည်းမှာပဲ သကြားထည့်ပြီး ၁၀ မိနစ်ခန့် ကြော်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ကြော်ထားသော အာလူးကြော်များကို လင်ဗန်းထဲမှ ပန်းကန်ပြားထဲသို့ပြောင်းထည့်ပြီး ချိစ်များကို အပေါ်မှ ထပ်ထည့်လိုက်ပါ။

ချိစ်ပေါ်မှာ ကင်ချီဖြန့်ထည့်ပါ။ တစ်ဆက်တည်းမှာပဲ ကျန်ရှိတဲ့ချိစ်များကို ကင်ချီပေါ် ဖြန့်ထည့်ပေးရပါဦးမယ်။ ထို့နောက် ဝက်ဆားနယ်ခြောက်ကြော်များ၊ ကြက်သွန်မြိတ်များထပ်ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် Oven ထဲပြန်ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာထူးကဲကောင်းမွန်တဲ့ ကင်ချီ အာလူးချောင်းကြော်ကို အရသာရှိရှိနဲ့ မြိန်ရေယှက်ရေသုံးဆောင်နိုင်ပါပြီ။

Source: Theworksoflife.com