ကိုရီးယား အစားအစာလေးများကို ကြိုက်နှစ်သက်ကြသောသူများအတွက် ကင်ချီ နဲ့ ထည့်လိပ်ထားသော ရေညှိ ထမင်းလိပ် ကိုလဲ ကြိုက်ကြမှာပါ။ ကိုးရီးယားမှာတော့ ကင်ချီထမင်းလိပ်ကို အစားများ ကြပါတယ် ။

ပါဝင်ပစ္စည်း

  • ရေညှိဖတ်  –  ၃ ရွက် (ကင်ပြီးသား ကိုဝယ်ပါ)
  • သခွာသီး  –  ၁ လုံး (ရှည်ရှည် အမျှင်လေးတွေ လှီးထားပါ။ ဆားနဲ့ နယ်ပြီး အရည်ညှစ်ထားပါ)
  • မုန်လာဥနီ  –  ၁ လုံး (ပြုတ်ထားပါ။ ရှည်ရှည် အမျှင်လေးတွေ လှီးထားပါ)
  • ချိစ် မယ်ယိုနစ်  –  ၅ ဇွန်း (စားပွဲဇွန်း)
  • အုပ်စု (က) နှမ်းဆီ –  ၁ ဇွန်း (စားပွဲဇွန်း)
  • အမဲကြိတ်သား  –  ၁၀ ကျပ်သား
  • ပဲငံပြာရည်  –  ၂ ဇွန်း (စားပွဲဇွန်း/ကိုးရီးယား ပဲငံပြာရည်)
  • Sake  –  ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
  • Mirin  –  တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)
  • ကြက်သွန်ဖြူမှုန့်  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • နှမ်း  –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • ကြက်သွန်မြိတ်  –  ၁ ပင် (ခတ်သေးသေးလေးတွေ လှီးထားပါ)
  • ကင်ချီ  – ၂ ဇွန်း (စားပွဲဇွန်း/နုတ်နုတ်လေးတွေ လှီးထားပါ)
  • အုပ်စု (ခ)
  • ထမင်းချက်ပြီးသား  –  ၃ ခွက် (ကိုရီးယားဆန် (သို့) ရှမ်းဆန်)
  • ရှာလကာရှည်  –  ၃ ဇွန်း (စားပွဲဇွန်း)
  • သကြား   –  ၁ ဇွန်း (စားပွဲဇွန်း)
  • ဆား   –  ၁ ဇွန်း (လက်ဖက်ဇွန်း)

ပြုလုပ်နည်း

  1. ဖန်ဇလုံထဲ အုပ်စု (ခ) မှ ပါဝင်ပစ္စည်းများ ထည့်ပြီး နှံအောင်နယ်ပေးပါ။ ထမင်း စည်းလာပါလိမ့်မယ်။ ဇလုံထဲ အုပ်စု (က) ပစ္စည်းများ အားလုံးထည့်နယ်ပါ။
  2. ဒယ်အိုး ပူလာလျှင် နယ်ထားသော အုပ်စု (က)ကို မီးပူပူဖြင့် တည်ပါ။ အသားများ ကျက်လာလျှင် မီးဖိုပေါ်မှ ချပြီး အအေးခံ ထားပါ။
  3. ထမင်းလိပ်ရန် ဝါးရင်းလိပ်ကို စားပွဲပေါ် ဖြန့်ခင်းပါ။ ဝါးရင်းလိပ်ပေါ်မှာ ရေညှိဖတ် တင်ပါ။ ပြီးလျှင် နယ်ထားသော ထမင်းကို အညီအညာ ဖြန့်လိုက်ပါ။ ထမင်းများကို ရေညှိဖတ်ပေါ် အကုန်ဖြန့် မတင်ပါနဲ့ ။ ရေညှိဖတ်ကို ၁.၅ စင်တီမီတာ လောက် ထားပေးပါ။
  4. ပြီးမှ ကျန်အစာများ အားလုံးကို ထမင်းလိပ် အလယ်မကျ တကျ တစ်ခုချင်း တင်ပေးပါ။ အားလုံးတင်ပြီးလျှင် မယ်ရိုနစ်ကို အပေါ်ဆုံးမှ တင်ပါ။ ပြီးလျှင် ကိုယ့်ဖက်ကနေ စ၍ လိပ်ပါ။ ကျစ်ကျစ်လေး လိပ်ပေးပါ။
  5. ထမင်းလိပ် တလိပ်ကို ၈ ပိုင်းလောက် ရပါတယ်။ လှီးမယ့် ဓားကို ရေစို အဝတ်လေးနဲ့ ပွတ်ပြီးမှ ထမင်းလိပ် လှီးပါ။ ကြိုက်နှစ်သက်ရာ ပုံစံမျိုးလေး ပြင်ပြီး စားသုံးနိုင်ပါတယ် ။

13765863_1250214468323194_7686089331153318381_o