ကင်ချီ (Kimchi)

Share this on:

အလွယ်ကူဆုံး ကင်ချီ (Kimchi) လုပ်နည်းပါ ။

ကိုရီးယား အစားအစာထဲမှာ ကင်ချီက မပါမဖြစ်ပါ ။  ကင်ချီ အမျိုးပေါင်း ၁၀၀ ကျော် ၂၀၀ ရှိပါတယ် ။  မုန်ညှင်းကင်ချီ ၊ပဲပြားကင်ချီ ၊ ကြက်သွန်မြိတ်ကင်ချီ ၊ သခွားသီးကင်ချီ ၊ ဂေါ်ဘီကင်ချီ ၊ မြောက်များစွာရှိတဲ့ အထဲမှ ကင်ချီဆိုလျှင် မုန်ညှင်းထုပ် (Long Cabbage) ဖြင့် ပြုလုပ်သော ကင်ချီကို လူသိများ လှပါတယ် ။  အခုကျွန်တော် အလွယ်ကူဆုံး မုန်ညှင်း ကင်ချီပြုလုပ်နည်း ပြမှာ ဖြစ်ပါတယ် ။

ကင်ချီလုပ်နည်းက တစ်ယောက်နှင့် တစ်ယောက် မတူကြပါဘူး ။  ဒါက ကျွန်တော့်ဆိုင်မှာ ကိုယ်တိုင် ပြုလုပ်သည့် နည်းပါ ။300 ml Spoons တွေက ကီလို 20 kg အတွက် 2 Spoons ပါ ။  တစ်ကယ်လို့ Cabbage 10kg ပဲ လုပ်မယ်ဆိုရင် 2 Spoons. နေရာတွေ အားလုံးမှာ 1-Spoon အဖြစ် အစားထိုးလို့ ရပါတယ် ။  ကျန်တဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကိုတော့ မျက်မှန်းဖြင့် မှန်းထည့်ပါ ။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်းထုပ် Cabbage - 20 kg
  • ကိုးရီးယား ငရုတ်သီးမှုန့် Korean Chilli Powder - 1 kg
  • သကြား Sugar -2 (300 ml Spoons)
  • ငါးငံပြာရည် Fish Sauces - 2 (300 ml Spoons)
  • သစ်တော်သီး China pearl. -1 pcs
  • ငရုပ်သီးအနီ Red Chilli - 400 g
  • ဂျင်း Ginger -150 g
  •  ကြက်သွန်ဖြူ Garlic - 700 g
  • ငါးနီတူငါးခြောက် Anchovies Water-2 (300 ml Spoons)

ပြုလုပ်နည်း

  1. ပထမဦးစွာ မုန့်ညှင်းထုပ်အား ပုံတွင် ပြထားသည့် အတိုင်း နှစ်ခြမ်းခွဲပါ ။ ထိုနှစ်ခြမ်းကို တစ်ဝက်စီ လေးခြမ်းဖြစ်အောင် ခွဲပေးပါ ။
  2. ထို့နောက် လက်သုံးလုံးလောက် အကွာအဝေးစီ ကန့်လန့်ဖြတ် အသေးလေးတွေ ဖြစ်အောင် လှီးပါ ။
  3. လှီးထားသော မုန်ညှင်းများအား သင့်တင့်သလောက် ဆားဖြူးပြီး နယ်၍ ၂-နာရီကြာအောင် နှပ်ထားပါ ။  
  4. ထို့နောက် ရေဖြင့် စင်အောင် ၂-ကြိမ်ဆေးပြီး ဇကာဖြင့် ရေစင်အောင် စစ်ထားပါ ။
  5. မုန်လာဥအနီ နှင့် အဖြူတို့အား ဂျစ်ဖြင့် အချောင်းလေးတွေ ဖြစ်အောင် ခြစ်ထားပါ ။  ကင်ချီကာလာစုံအောင် ထည့်ခြင်း ဖြစ်ပါသည် ။ မထည့်လျှင်လည်း ရပါသည် ။
  6. အထက်တွင် ဖော်ပြထားသော ပါဝင်ပစ္စည်းများအား ဇလုံထဲတွင် ထည့်ပါ ။  China Pearl (သစ်တော်သီး) ၊ ငရုပ်သီးအနီ ၊ဂျင်း ၊ ကြက်သွန်ဖြူ တို့အား ကြိတ်စက်(blunder) ထဲသို့ ထည့်ပါ ။
  7. ထို့နောက် Anchovies (ငါးနီတူ) ငါးခြောက်လေးများ အား ပြုပ်ထားသော အရည်ထည့်ပြီး ကြိတ်ဆက်ဖြင့် အားလုံးကို ကြိတ်ပေးပါ ။  
  8. ထို့နောက် ဇလုံထဲသို့ အားလုံး ထည့်၍ သမအောင်မွှေပြီး ကင်ချီဆော့ ပြုလုပ်ပေးပါ ။  ထိုကင်ချီဆော့ ထဲသို့ ဇကာဖြင့် ရေစစ်ထားသော မုန်ညှင်း များအား ထည့်၍ သမအောင် မွှေပြီး ဗူးအလွတ် ၊ ပုလင်းအဝကျယ် အလွတ်ထဲသို့ ထည့်၍ စားသုံးနိုင်ပါသည် ။
  9. ကင်ချီများအား ရေခဲသတ္တာထဲတွင် ထည့်၍ ထားပါ ။   ကြာရှည်စွာ စားသုံးလို့ ရပါသည် ။
Credit: ဇွဲသုသု

Review

User Rating

3.6 (5 Votes)