ပုစွန်ထုပ်ဟင်းဆို ထမင်းဝိုင်းမှာ အားလုံးရဲ့ မျက်နှာလေးတွေက အပြုံးနှင့်အတူ သိပ်ကို အရသာရှိမယ်ဆိုတဲ့ ယုံကြည်မှုများ ဇွန်းအဆင်သင့်ပြင်လို့ စောင့်နေသော ပုစွန်ချစ်သူများအတွက် . . . ။

ပါဝင်ပစ္စည်းများ (ဆီသတ်ရန်)

  • ကြက်သွန်ဖြူ – ၅ မြွှာ (ညက်ညက်လေးထောင်းထားပါ)
  • ကြက်သွန်နီ – ၄-၅ လုံး (ညက်ညက်လေးထောင်းထားပါ)
  • ချင်း – လက်တစ်ဆစ် (ထောင်းထားပါ)
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • ပဲဆီ – စားပွဲဇွန်း ၅ ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ရှမ်းနံနံ – ၂ ပင် (အရွက်နုလေးတွေပဲ ခြွေထားပါ။ ဟင်းကျက်ခါနည်းမှ ထည့်ပါ)

ပြုလုပ်နည်း

  1. ပုစွန်နယ်နှပ်ရန် ပါဝင်ပစ္စည်းများအားလုံး ဖန်ဇလုံထဲထည့်ပြီး ၁ဝ မိနစ်လောက် နှပ်ထားပါ။ မကပ်သောအိုးထဲ ပဲဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ရှမ်းနံနံနှင့် ဟင်းချက်မှုန့် ကလွဲလို့ အနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး တည်ပါ။
  2. မွှေးပြီး အရောင်တက်လာလျှင် ဟင်းချက်မှုန့် ထည့်ပြီး ၆-၈ မိနစ်လောက် သေချာမွှေပြီးတည်ပါ။ အနှစ်ထဲ ပုစွန်ထည့်ပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်ပါ။ မီးအနေတော်ဖြင့် အဖုံးအုပ်ပြီး ၃ မိနစ်လောက်တည်ပါ။
  3. ပုစွန်ကို တစ်ဖက်ကျက်လျှင် တစ်ဖက်လှန်ပေးပါ။ အနှစ်အရသာဝင်အောင် သေချာမွှေပေးပါ။ ရေခန်းသွားလျှင် မီးပိတ်ပြီး ရှမ်းနံနံနုရွက်လေးများ ဖြူးပြီး မီးဖိုပေါ်မှချပါ။
  4. အုန်းထမင်း၊ ထမင်းဖြူတို့ဖြင့် တွဲဖက်သုံးဆောင်လျှင် အဆင်ပြေကောင်းမွန်ပါတယ်။

ပုစွန်နယ်နှပ်ထားရန်

  • ပုစွန်ထုပ်ကြီး – ၈ ကောင် (အခွံခွာထားပါ)
  • နနွင်းမှုန့် – အနည်းငယ်
  • ဆား – အနည်းငယ်
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း