*အားလုံးတွက် ရင်ခုန်စရာ မီးဖိုချောင်း သုံး ပစ္စည်း များအကြောင်း – Kitchen Sponge Information

စာဖတ်ပိရိတ်သတ် ကြီးအားလုံး သတိမပြုမိ ပဲ အမှတ်တမဲ့ ဖြစ်နေတတ် တဲ့ (Kitchen Sponges) အိုးခွက်ပုကန်ဆေး ရေမြှုပ်ဖတ်၊ ရေဖတ်တိုက် အတုံးအဖတ် နှင့် ဖော့တုံး လေးများ အကြောင်းကို ဒီလ မှာ အိမ်ရှင်မများ နှင့် အတူစာဖတ်သူများအား သတိပြုမိစေရန် ဖော်ပြလိုက်ပါတယ်နော်…

ပန်ကန်ဆေး ရေမြှုပ်ဖတ် ဆိုတာ ဗတ်တီးရီးယား တွေနဲ့ အမြဲ ပြည့်နေတတ်တဲ့ အရာပါ။ ရေမြှုပ်ဖတ်၊ ဖော့တုံး လေးများ ကို ပုကန်အိုး ဆေးရုံးတင် မဟုတ်ဘဲ တခြားမီးဖို ချောင်သန့်ရှင်းရေး လုပ်ရာမှာ လဲ အသုံးပြုတတ် ကြပါတယ် ။ အိုး ပုကန် ဆေး သုံး နဲ့ မီးဖိုချောင် သန့်ရှင်းရေး ရေမြုပ်ဖတ်ကို သတ်သတ် တခုစီထား သင့်ပါတယ် ။ ကာလာ အရောင် ခွဲ၍ (သို့ ) ရေမြှုပ်ဖတ် အမျိုး အစားမတူ တာမျိုး နဲ့ သီးခြားဆီ ခွဲသုံးသင့်ပါတယ် ။

ရေမြှုပ်ဖတ် ကို ဗတ်တီးရီးယား မတက်အောင် တနေတာ သုံးပြီး လျှင် သံပုရာရည်၊ ရေနွေးပူ ဖြင့်ဆေး တာတို့ ပြုလုပ်လို့ရပါတယ် ဒါပေမယ့် သိပ်တော‌ေ့မထူးခြားပါဘူး ။ သုံးပြီးသား ရေမြှုပ်ဖတ် တွေမှာ အန္တာယ်များလှတဲ့ ဗတ်တီးရီးယား ပိုးတွေ၊ အီ ကိုလီ (E.coli)၊ အစာအဆိပ်ဖြစ်စေတတ်သော ပိုး တွေဟာ အစားအစာ အဆိပ်သင့်တဲ့ အန္တာယ်မျိုး များကို အလွယ်တကူ ကြရောက် တတ်ပါတယ် ။

 

Screen Shot 2016-06-04 at 9.32.37 pm

 

အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေး သုတေသနဌာနရဲ့ ပြောကြားချက်အရ ဒီလိုရောဂါပိုး တွေကို သတ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်း ကတော့ မိုက်ခရိုဝေ့ဖ် ထဲ ၁ မိနစ်ကြာ အပူပေးလို့ရသလို ပုကန်ဆေးစက်ထဲ သို့ လဲထဲ့ဆေးလို့ရပါတယ်။ ဒီနည်းလမ်း နှစ်မျိုးလုံး ဟာ ရေမြှုပ်ဖတ် ပေါ်က ဗတ်တီးရီးယား ပိုးတွေ ကို ၉၉.၉၉၉ ရာခိုင်နှုန်းသေစေနိုင်ပါတယ် ။

အခုနောက်ပိုင်းမှာ ပိုးသတ်ပြီးသား ရေမြှုပ်ဖတ် တွေကို အသုံးပြုလာတာကိုတွေ့ရပါတယ် ။ အဲဒီပိုးသတ်ပြီးသား ရေမြှုပ်ဖတ် မှာ တဒ်ကလိုဆန် (Triclosan) ဆိုတဲ့ ကမ်မင်းကလ် နဲ့ပြုလုပ်ထား တာကြောင့် ကျမ်းမားရေး ကိုထိခိုက်စေပါတယ် ။ အဲဒါ အပြင် ပတ်ဝန်းကျင်ကိုလဲထိခိုက်စေပါတယ်။ ဒီရေမြှုပ်ဖတ် နဲ့သုံးတဲ့ ရေတွေ မြစ်ထဲ နဲ့ သမုဒ္ဒရာ ထဲသာ သွားမယ်ဆိုရင် ပင်လယ်သတ္တာဝါတွေ အတွက် အန္တာယ်များပါတယ် ။

ရိုးရိုး ရေမြှုပ်ဖတ် တွေကမှ ပတ်ဝန်းကျင်ကိုမထိခိုက်နိုင်စေပါဘူး ။ သပွတ်သီး အခြောက် ကို အမေရိကန် သဘာဝထိမ်းသိမ်း ရေး အဖွဲ့မှအသုံးပြု ဖို့တိုက်တွန်း ထားပါတယ် ။ အခုနောက် ပိုင်း အိမ်တွေမှာ တောင် သပွတ်ပင်ကို စိုက်ပျိုးပြီး သပွတ်သီး ကို အသုံးပြုလာတာ ကိုတွေ့ရပါတယ် ။

မီးဖိုချောင် နှင့် ပုကန်ဆေး တဲ့ နေရာကို အသုံးပြုပြီးတာ နဲ့ ရေနွေးပူဖြင့်ဆေးကြောပြီး သန့်ရှင်းအောင်ထားပါ ။ ရေမြှုပ်ဖတ် ကိုလဲ သုံးပြီလျှင် ရေစင်အောင် ညှစ်ပြီး ထားပါ ။ ရေမြှုပ်ဖတ် ရေစို နေလျှင် ဗတ်တီးရီးယား ပိုးတွေ လွယ်ကူစွာ ပေါက်ဖွား တိုးပွားနိုင်ပါတယ် ။ ဝါးနှင့် ပြုလုပ်ထား တဲ့ ရေမြှုပ်ဖတ် ၊ ရေမြှုပ်တုံး လေးများ ကို အခုချိန် ခါမှာ လူသုံးများ လာတာကို လဲတွေရှိရပါတယ်

။ ဝါး ရဲ့သဘာ၀ ဟာ ဗတ်တီးရီးယား နဲ့ မှိုတက် တာကို ခုခံနိုင်တဲ့ စွမ်းအားရှိတာ ကြောင့်ဖြစ်ပါတယ် ။ ရေမြှုပ်ဖတ် ၊ ရေမြှုပ်တုံး လေးများ အနံ အသက်ဆိုး တာကို ပြောက်စေ ချင်တယ် ဆိုရင် တော့ Mrs. Clean USA Website ရဲ့ ပြောကြားချက် အရ ရေဗုံး ထဲသို့ ရေဖြည့် ပါပြီး လျှင် ၂/၃ အစွန်းချွတ်ဆေး (အရောင်ချွတ်ဆေး) နဲ့ရောမွှေ ပြီး ရေမြှုပ်ဖတ် ကို မိနစ် ၃၀ လောက်ထည့် စိမ်ထားလျှင် အနံဆိုးများ ပြောက်ပါတယ် ။

မစည် ကျောင်းတက် တုန်း ကတော့ ကျောင်းမှာ ရေနွေး နဲ့ ရှာလကာ ရည်အရော ထဲမှာ ထည့်စိမ်ပါတယ် ။ အဆင်ပြေတဲ့ နည်းနဲ့ လုပ်ကြည့်ပေါ့နော် ။ ရေမြှုပ်ဖတ် လေး ကို နှစ်ရက် သုံးရက် တခါ လောက် မိုက်ကလိုဝေ့ နဲ့ ခွက်ထဲရေထဲ့ ပြီး ရေမြှုပ်ဖတ် ကိုထဲ့ ပြီး အပူပြင်းပြင်း ဖြင့် (သို့) ပုကန်ဆေးစက် ထဲလဲ ထဲ့ဆေးလို့ရပါတယ် ။ ရေမြှုပ်ဖတ် ကိုသုံးပြီးလျှင် ဆပ်ပြာဖြင့် စင်အောင် ဆေး ပြီး ရေစင်အောင် ညှစ်ထားပါ ။

 

Kitchen Sponge. 2016-03-28 at 3.20.21 pm

 

ရေမြှုပ်ဖတ် တခုကို ဘယ်လောက် အချိန် ထိသုံးလို့ ရပါသလဲ ဆိုရင် တော့ ကိုယ်သုံးတဲ့ရေမြှုပ်ဖတ် အမျိုးအစား နဲ့ အရွယ် ပေါ်မူတည်ပါတယ်။ ဂရုတစိုက် နဲ့ အသုံးပြုမယ် ဆိုရင် ရေမြှုပ်ဖတ် တခု ရဲ့ သက်တန်း က ၂ ပတ် ကနေ ၈ ပတ် လောက်ခံပါတယ် ။ ရေမြှုပ်ဖတ် ကို အမွှေးတွေ အမျှင်တွေ အရမ်းဖွာအောင်ထိ မသုံးပါနှင့် အန္တာယ်များပါတယ်။ ရေမြှုပ်ဖတ်ရဲ့ အမွှေး အမျှင်တွေ အိုးဆေး ပုကန်ဆေးတဲ့အခါ ကပ်ပါ သွားတတ်ပါတယ် ။

အခုအခါ မှာ ရေမြှုပ်ဖတ် လေးတွေ ကို အိမ်ရှင်မ တွေ နဲ့ အတူ အားလုံး သတိပြုမိ စေရန် အတွက် ချစ်စရာ ဆွဲဆောင် စရာ ပုံစံအမျိုးမျိုး အရွယ်အစား အမျိုးမျိုး နဲ့ ကာလာစုံ ကို ဆိုင်တော် တော် များများ မှာ ဝယ်ယူလို့ ရပါတယ် ။

မစည် ရဲ့ ကျောင်းတုန်း ကသင်ခဲ့ ရတဲ့ အန္တာယ်ကင်း တဲ့ မီးဖိုချောင် (Kitchen Safety) ထဲက စိတ်ဝင်စားစရ လေးဖြစ်မယ့် (Kitchen Sponges) အိုးခွက် ပုကန်ဆေး ရေမြှုပ်ဖတ် ၊ ရေဖတ်တိုက် အတုံးအဖတ် နှင့် ဖော့တုံး လေးများ အကြောင်းကို Good Housekeeping, Mrs. Clean USA နှင့် U.S. Department of Agriculture တို့ မှာ Information များနှင့် အတူ ပူတွဲ ဖော်ပြလိုက်ပါတယ် ။ အိမ်ရှင်မ အသစ် လေးတွေ အတွက် ဗဟုသုတ အသစ်လေး တွေ ထပ်တိုးပါစေ ။ Have an exciting kitchen adventure !
မှတ်ချက်- ဖော်ပြထား သည့်Information သည် နိုင်ငံ တနိုင်ငံ နှင့် တနိုင်ငံ အနည်းငယ် ကွာခြား မှုများ ရှိလျှင် ရှိနိုင်ပါသည်။

Credit: Syilwin Foodsgarden