အပြင်က လှီးပြီးသား၊ Frozen တွေမဝယ်ချင်ဘူး၊ ကိုယ်တိုင် အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် အာလူးကို လှီးပြီး ကြော်ချင်သူတွေအတွက် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ဓားနဲ့ လှီးမယ်

အာလူးက လုံးနေတော့ လှီးရတာ ချော်ထွက်တတ်ပါတယ်။ အာလူးရဲ့ ဘေးဘက်လေးတွေကို လှီးပြီး နည်းနည်း ပြားအောင် လုပ်ပေးလိုက်ပါ။ ဒါဆိုရင် ချောထွက်တာ နည်းသွားပါလိမ့်မယ်။

အရင်ဆုံး အာလူးကို ပုံထဲမှာ အတိုင်း ဘေးတိုက်ကို  နည်းနည်းထူထူ လေးတွေ လှီးလိုက်ပါ။

ကိုယ်လိုချင်တဲ့ အာလူးကြော် အရွယ်အစားအပေါ်တော့ မူတည်ပါတယ်။

ပြီးရင် ခုနက အာလူးကို အထပ်လိုက် ပြန်တင်ပြီး ဒေါင်လိုက်လှီးချလိုက်ပါ။ ဒါဆိုရင် အာလူးချောင်းရှည်ရှည်လေးတွေ ရလာမှာပါ။ ဒါပေမယ့် ညီညီညာညာလေးတွေ ရဖို့တော့ ခက်ပါတယ်။

ပြီးရင် လှီးထားတဲ့ အာလူးတွေကို ရေခဲရေထဲမှာ ထည့်ထားလိုက်ပါ။ မဟုတ်ရင် အရောင်ပြောင်းသွားတာ ညိုသွားတာတွေ ဖြစ်တတ်ပါတယ်။