ခနော ငါးမှုန့်ကို ရေချိုငါးကြင်းနှင့် လတ်ဆတ်မှုအရှိဆုံး ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ်၍ အထူးသီးသန့် ထုတ်လုပ်ထားပြီး မြန်မာ့အိမ်၊ မြန်မာ့မိသားစု၊ မြန်မာ့ဟင်းလျာများနှင့် ကိုက်ညီမှုရှိပါသည်။

ရန်ကုန်၊ မြန်မာ၊ မတ်လ ၂၆ ရက်၊ ၂၀၁၈ ခုနှစ် – ကမ္ဘာ့အကြီးမားဆုံး အစားအစာ အမှတ်တံဆိပ်များတွင် တစ်ခုအပါအဝင်ဖြစ်သော ခနော က မြန်မာနိုင်ငံ ဈေးကွက်အတွက် အထူးရည်ရွယ် ထုတ်လုပ်ထားသည့် ထုတ်ကုန်အသစ် ခနော ငါးမှုန့် ကို ယနေ့ စတင် မိတ်ဆက်လိုက်ပါသည်။ ၁၈၃၈ ခုနှစ်မှ စတင်၍ ခနောသည် ကမ္ဘာတစ်ဝှမ်းရှိ အကောင်းဆုံး အနံ့၊ အရသာများကို ရှာဖွေခဲ့ပြီး ယခုအခါ ခနော၏ အရည်အသွေးမြင့် စားသောက်ကုန် ပစ္စည်းများကို နေ့စဉ် လူသန်းပေါင်း ၃၂၀ ကျော် နှစ်ခြိုက်စွာ စားသုံးနေကြပြီ ဖြစ်ပါသည်။ ခနော ၏ အတွေ့အကြုံနှင့် နည်းပညာများကို အခြေခံကာ ရေချိုငါးကြင်းစစ်စစ်နှင့် လတ်ဆတ်မှုအရှိဆုံး ဟင်းခတ် အမွှေးအကြိုင်များဖြင့် စီမံ ထုတ်လုပ်ထားသည့် ခနော ငါးမှုန့်ကို မြန်မာနိုင်ငံအတွက် ယူဆောင်လာခဲ့ပြီ ဖြစ်ပါသည်။ ခနော ငါးမှုန့်ဖြင့် ဟင်းလျာများ၏ အကောင်းဆုံး အနံ့၊ အရသာကို ထွက်ပေါ်လာစေပြီး ချိုမြိန်သာယာသော မိသားစုအချိန်လေးများကို ဖန်တီးနိုင်မည် ဖြစ်သည်။

ခနောသည် ၎င်း၏ လူကြိုက်များ ကျော်ကြားသော ခနော ကြက်သားမှုန့်ကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၆ နှစ်က စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် သီးသန့် ထုတ်ကုန်သစ်တစ်မျိုး ထုတ်လုပ်ပေးနိုင်ရန် ရည်မှန်းထားခဲ့သည်။ ထို့ကြောင့် ခနောမှ မြန်မာနိုင်ငံတွင် အများဆုံး ချက်ပြုတ်သော ဟင်းလျာများအကြောင်း လေ့လာစုံစမ်းခဲ့ပြီး အဓိက ဟင်းလျာများကို ငါးဖြင့် ချက်ပြုတ်ကြောင်း တွေ့ရှိခဲ့သည်။[1] ထို့အပြင် အုပ်စုများဖွဲ့ကာ မြန်မာနိုင်ငံရှိ အမျိုးသား၊ အမျိုးသမီးများ မိမိတို့၏ မိသားစုများအတွက် အနံ့၊ အရသာ ကောင်းမွန်သော ဟင်းလျာများရရန် နေ့စဉ် မည်သို့ချက်ပြုတ်ကြကြောင်း လေ့လာဆွေးနွေးခဲ့သည်။

ခနော ငါးမှုန့်ကို ဘန်ကောက်မြို့ရှိ ခနော၏ လေ့လာဆန်းသစ်တီထွင်ရေး (R&D) အဖွဲ့နှင့် ဝါရင့် ခနော စားဖိုမှူး Mr Siddharth Raghavan တို့ ပူးပေါင်း စီမံထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ခနော ငါးမှုန့်သည် ရေချိုငါးကြင်းကို ငါးညှီနံ့ မရှိစေဘဲ သင်းပျံ့သော အနံ့ရရှိစေရန် နေ့စဉ် စားသုံးနေကျ မြန်မာ့ဟင်းလျာများနှင့် လိုက်ဖက်မှုရှိသော ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များဖြင့် အချိုးကျ ပေါင်းစပ် ထုတ်လုပ်ထားသောကြောင့် မြန်မာလူမျိုးများ ပိုမို အကြိုက်တွေ့စေမည် ဖြစ်ပါသည်။

ခနော၏ Brand Manager ဖြစ်သူ မချောစုစုဌေး က “ခနော ငါးမှုန့်ကို တစ်ကယ့် စိုက်ပျိုးမွေးမြူရေး ခြံတွေကရတဲ့ ပါဝင်ပစ္စည်းတွေ သုံးပြီး တစ်ကယ့်ကို ကျွမ်းကျင်တဲ့ စားဖိုမှူးတွေရဲ့ အကူအညီနဲ့ အရည်အသွေး မြင့်မားစွာ ထုတ်လုပ်ထားပါတယ်။ ငါးဆိုတာ မြစ်တို့၊ ပင်လယ်တို့ကနေ လတ်လတ်ဆတ်ဆတ်ရနိုင်တဲ့ သဘာဝ ဟင်းအမယ်တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အကျိုးကျေးဇူးတွေလည်း ပါရှိပါတယ်။ ခနော ငါးမှုန့်က ငါးညှီနံ့ အရမ်းမစူးဘဲ သဘာဝ ငါးစစ်စစ်ရဲ့ အချိုအရသာကို ခံစားနိုင်အောင် အရည်အသွေးမြင့် ရေချိုငါးကြင်း ကနေ ထုတ်လုပ်ထားပြီး ကောင်းမွန်တဲ့ မွှေးရနံ့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့နဲ့ အချိုးကျ ရောစပ်ထုတ်လုပ်ထားပါတယ်။ အခုဆိုရင် ခနော ငါးမှုန့်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဈေးဆိုင်၊ စတိုးဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ ဖြန့်ချိတော့မှာဆိုတော့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်မ အနေနဲ့ မြန်မာနိုင်ငံက မေမေတွေ၊ ဖေဖေတွေကို ခနော ငါးမှုန့်က ချက်လိုက်တဲ့ ဟင်းလျာတိုင်းကို ဘယ်လို အနံ့၊ အရသာ ပိုကောင်းသွားစေလဲဆိုတာ လက်တွေ့သိရအောင် စမ်းသုံးကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်” ဟု ပြောသည်။

ခနော ငါးမှုန့်တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဖန်တီးပြုလုပ်ထားသည့် ဓာတုဗေဒပစ္စည်းများ (သို့မဟုတ်) ပါဝင်ပစ္စည်းများ မပါဝင်ပါ။ ထို့အပြင် ကြာရှည်ခံ ဓာတုပစ္စည်းများ အသုံးပြုထားခြင်းမရှိဘဲ သဘာဝအတိုင်း အမှုန့်ဖြစ်အောင် အခြောက်ခံထားခြင်း ဖြစ်ပါသည်။ ခနော ငါးမှုန့်တွင် အဆီနှင့် ကယ်လိုရီ မပါဝင်သောကြောင့် မိသားစုအတွက် အာဟာရပြည့်ဝသည့် အစားအစာများ နေ့စဉ် ချက်ပြုတ်ရန်အတွက် ကျန်းမာရေး အထောက်အကူပြု ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။

ထုတ်ကုန်အသစ် ထုတ်လုပ်ပြီးချိန်တွင်လည်း ခနောမှ မြန်မာနိုင်ငံရှိ အိမ်ရှင်မများ အပါအဝင် စားသုံးသူတစ်ချို့ကို ခနော ငါးမှုန့်ဖြင့် ဟင်းလျာများကို စမ်းသပ် ချက်ပြုတ်စေကာ လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ စားသုံးသူများထံမှ သဘာဝ ငါးစစ်စစ်၏ အချိုအရသာ၊ ငါးနှင့် ဟင်းခတ်အမွှေးအကြိုင်တို့၏ သင်းပျံ့သော မွှေးရနံ့၊ စစ်မှန်သော ပါဝင်ပစ္စည်းများ အသုံးပြုထားသည်ကို တွေ့မြင်နိုင်ခြင်း စသည့် ကောင်းမွန်သော မှတ်ချက်များကို ရရှိခဲ့ပါသည်။

ယနေ့ Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော ခနော ငါးမှုန့် မိတ်ဆက်ပွဲ အခမ်းအနားတွင် နာမည်ကျော် အချက်အပြုတ် blogger နှင့် Wut Yee Food House ၏ Founder & CEO ဖြစ်သူ မချိုဝတ်ရည်အား ခနော ငါးမှုန့်၏ Brand Ambassador အဖြစ် ခန့်အပ်ကြောင်း မိတ်ဆက်ကြေငြာခဲ့ပါသည်။ မချိုဝတ်ရည်က ခနော ငါးမှုန့်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ဝေမျှပေးခဲ့ပြီး နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မယ်လိုဒီ အပါအဝင် သတင်းမီဒီယာမှ တာဝန်ရှိသူ နှစ်ဦးနှင့်အတူ စားချင့်စဖွယ် ဟင်းလျာများကို လက်တွေ့ ပြင်ဆင်ချက်ပြုတ်သည့် အစီအစဉ်တွင် ဦးဆောင်ညွှန်ကြားပေးခဲ့သည်။ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သတင်းမီဒီယာမှ တာဝန်ရှိသူများကိုလည်း ခနော ငါးမှုန့်နှင့် ချက်ပြုတ်ထားသည့် အရသာရှိသော ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

“ဒီ ခနော ငါးမှုန့်က ဝတ်ရည် ချက်လိုက်တဲ့ ဟင်းတွေရဲ့ အရသာကို ပိုပြီး ထူးကဲစေလို့ အခုဆိုရင် ဝတ်ရည် ဟင်းချက်တဲ့အခါ နေ့တိုင်း ခနော ငါးမှုန့်ကို သုံးဖြစ်နေပါပြီ။ ဝတ်ရည်တို့ အိမ်ကလူတွေရော၊ ဝတ်ရည် ကိုယ်တိုင်ရော ဒီလို ထူးခြားတဲ့ အရသာမျိုးလေး ပေးစွမ်းနိုင်လို့ တော်တော် အံ့သြမိခဲ့တဲ့ အထိပဲ။ သူက တစ်ကယ့် ရေချိုငါးကြင်း အစစ်နဲ့ လတ်ဆတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာဆိုတော့ ရေချိုငါးကြင်းရဲ့ သဘာဝအချို အရသာကို ပေးစွမ်းနိုင်တယ်လေ။ ငါးစစ်စစ်က ထုတ်ထားတယ်ဆိုပေမယ့် ငါးညှီနံ့ မရှိတဲ့အပြင် ငါးမှုန့်ရဲ့ အနံ၊ အရသာကိုလည်း စူးစူးကြီး ဖြစ်မနေအောင် သေချာ ဂရုစိုက်ထားတာ တွေ့ရပါတယ်။ ခနော ငါးမှုန့်ကို ငါးဟင်း၊ ပင်လယ်စာ ဟင်းတွေတင်မကဘဲ ဘာပဲချက်ချက် သုံးလို့ရပါတယ်။ ဥပမာ ၀တ်ရည်တို့ မြန်မာအိမ်တွေမှာ စားနေကျ ဟင်းလျာတွေဖြစ်တဲ့ ဆီပြန်ဟင်း၊ ဟင်းချို၊ အသုပ်၊ မွှေကြော်၊ အကြွပ်ကြော် နဲ့ အသား၊ ငါးတွေ မချက်ခင် နှပ်ထားတဲ့ နေရာတွေအထိ အသုံးပြုလို့ ရပါတယ်” ဟု မချိုဝတ်ရည် ကပြောသည်။

“ဒီနေ့ ခနော ငါးမှုန့် အသုံးပြုထားတဲ့ ဟင်းနှစ်မျိုး ချက်ပြုတ်နည်းတွေကို မျှဝေခဲ့ပါတယ်။ ပထမဟင်းက ပြည်ကြီးငါးသုတ် ဖြစ်ပြီးတော့ ဒုတိယဟင်းကတော့ ပဲကြာဆံ၊ ပုဇွန်၊ ဝက်သားပြားကြော် ဖြစ်ပါတယ်။ ခနော ငါးမှုန့်ကို သုံးပြီး ချက်ပြုတ်ထားတဲ့ ဟင်းတွေရဲ့ အရသာက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်ထားသလိုပါပဲ။ ပြီးတော့ ချက်ရတာ လွယ်ကူတဲ့အတွက် မီးဖိုချောင်ထဲမှာ အချိန်ကုန် သက်သာစေပါတယ်။ အခုလို မိသားစုတွေအတွက် လွယ်လွယ်ကူကူ ချက်ပြုတ်ပြင်ဆင်ပေးနိုင်တဲ့အတွက် ခနော ငါးမှုန့်ကို သုံးကြဖို့ အကြံပြုပေးချင်တာပါရှင်” ဟု ထပ်မံ ဖြည့်စွက်ပြောကြားခဲ့သည်။

“မျိုးလို ဟင်းချက်ရတာလည်း ကြိုက်၊ ငါးဟင်းလည်း ကြိုက်တဲ့ လူအတွက်တော့ ခနောက ခနော ငါးမှုန့် ထုတ်လုပ်ဖြန့်ချိလိုက်တော့ အရမ်း အဆင်ပြေတာပေါ့။ ငါးမှာ omega-3 fatty acids, ဗီတာမင်၊ ကယ်လ်စီယမ်နဲ့ အခြား အာဟာရဓာတ်တွေလည်း အများကြီး ပါဝင်တော့ အခုဆိုရင် ခနော ငါးမှုန့်လို အဖော်မွန်လေးက မျိုးရဲ့ မီးဖိုချောင်ထဲမှာ အသင့်ရှိနေပြီဖြစ်လို့ အရမ်း ဝမ်းသာမိပါတယ်။ ခနော ငါးမှုန့်နဲ့ ဟင်းချက်ကြည့်တဲ့အခါ ဒီ ထုတ်ကုန်လေးက အသုံးပြုရတာလည်း လွယ်ကူတယ်၊ ဟင်းလျာတိုင်းမှာလည်း အသုံးပြုလို့ရတယ်၊ ဟင်းတွေကိုလည်း ပိုပြီး အရသာရှိအောင် လုပ်ပေးတယ်ဆိုတာ လက်တွေ့ သိခဲ့ရတယ်။ အလုပ်အရမ်းများတဲ့ အမေ တစ်ယောက်အနေနဲ့ ဟင်းချက်ဖို့ လတ်ဆတ်တဲ့ ဟင်းအမယ်တွေ မီးဖိုချောင်ထဲမှာ အဆင်သင့် မရှိတဲ့အခါ ဒီ ခနော ငါးမှုန့်လေး အရမ်းကို အသုံးဝင်ပါတယ်။ ဆီပြန်ဟင်းတို့၊ ဟင်းချိုတို့ချက်ရင် အဓိက ပါဝင်ပစ္စည်းတစ်ခုအဖြစ် သုံးပါတယ်။ ပြီးတော့ ဟင်းတွေကို ချိုမြိန်တဲ့ အရသာ၊ သင်းပျံ့တဲ့ မွှေးရနံ့ရဖို့လည်း သုံးပါတယ်” ဟု မယ်လိုဒီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ခနော ငါးမှုန့်အပြင် ခနော ကြက်သားမှုန့်၊ ခနော တုံယမ်းဟင်းချိုခဲနှင့် ခနော ဆန်ပြုတ်ဟူ၍ ရရှိနိုင်ပါသည်။ ခနော ငါးမှုန့်နှင့် ခနော မြန်မာအကြောင်း အသေးစိတ်သိရှိလိုပါက www.facebook.com/KnorrMyanmar သို့ ဝင်ရောက် လေ့လာနိုင်ပါသည်။

ခနောအကြောင်း
ခနောသည် ကို ၁၈၃၈ ခုနှစ်မှ စတင်ခဲ့ပြီး ကောင်းမွန်သော အနံ့၊ အရသာများကို ပေးစွမ်းနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ခနော၏ အမှတ်အသားဖြစ်သည့် ဟင်းချိုမှုန့် အတုံးလေးများမှ စတင်ကာ အရသာရှိသော ဟင်းချိုမျိုးစုံအထိ ကမ္ဘာတစ်ဝန်းရှိ အကောင်းဆုံး အနံ့၊ အရသာများကို နေ့စဉ် ရှာဖွေလေ့လာလျက် ရှိသည်။ အရည်အသွေး မြင့်မားခြင်းသည် ခနော၏ အစားအစာအပေါ် ထားရှိသည့် ခံယူချက်ဖြစ်သည် ဟူသောဆောင်ပုဒ်ကို နှစ်ပေါင်းများစွာတိုင် ထိန်းသိမ်းခဲ့ပြီး လူအများ မိမိတို့၏ မီးဖိုချောင်သို့ ယုံကြည်မှုရှိစွာ လှမ်းချီနိုင်ရန် ပြုလုပ်ပေးလျှက်ရှိသည်။ ခနော ထုတ်ကုန်များကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၈၇ နိုင်ငံကျော်တွင် ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး နေ့စဉ် လူသန်းပေါင်း ၃၂၀ ကျော်က နှစ်ခြိုက်စွာ စားသုံးလျက်ရှိပါသည်။ လူမျိုးပေါင်း ၄၈ မျိုးကျော် ကိုယ်စားပြု အချက်ပြုတ် ကျွမ်းကျင်သူ စားဖိုမှူးပေါင်း ၃၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသောကြောင့် ခနောသည် ကမ္ဘာအနှံ့ ကျွမ်းကျင် စားဖိုမှူးများစွာ စုဝေးနေကြသည့် အကြီးဆုံး ကုမ္ပဏီများအတွင်း တစ်ခုအပါအဝင်ဖြစ်သည်။

ခနော၏ ရည်ရွယ်ချက်မှာ မွေးမြူရေးခြံမှ ထမင်းပန်းကန်ပေါ် ရောက်သည်အထိ နေ့စဉ် စားသုံးနေသည့် အစားအစာများ မှတစ်ဆင့် ကောင်းမွန်သည့် အနံ့၊ အရသာများကို ရှာဖွေဖော်ထုတ်နိုင်ရန် ဖြစ်ပါသည်။ ခနော၏ ပါဝင်ပစ္စည်းများသည် နေရောင်ခြည်အောက်တွင် မြေသြဇာ ကောင်းမွန်စွာဖြင့် သဘာဝအတိုင်း ကြီးထွားလာခြင်း ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်ပါသည်။ အသေးစိတ် သိရှိလိုပါက www.Knorr.com သို့ ဝင်ရောက် လေ့လာနိုင်ပါသည်။