Unilever Myanmar ၏ လူကြိုက်များပြီး ဟင်းလျာတို့၏အရသာကို ပိုမိုကောင်းမွန်စေသည့် ခနောသည် ၂၀၁၈ အတာသင်္ကြန်ပွဲတွင် မြန်မာစားသုံးသူများနှင့်အတူ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒီသာအစီအစဉ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆင်နွဲခဲ့ပါတယ်။

မန္တလေးမြို့တွင် စတုဒီသာမဏ္ဍပ်တစ်ခုတည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့တွင်တော့ သင်္ကြန်ပွဲကိုဆင်နွှဲနေရင်း ပင်ပန်းကာ ဗိုက်ဆာနေသော မြို့သူမြို့သားများအတွက် ခနော ထရပ်လေးစီးဖြင့် လှည့်လည်ကာ ခနော၏နမူနာကုန်ပစ္စည်းများ ဝေမျှရင်းဖြင့် မြန်မာ့ရိုးရာယိမ်းအကများ၊ သင်္ကြန်တေးသီချင်းများနှင့် ဖျော်ဖြေပေးခဲ့ပါတယ်။

မကြာသေးမှီကမှ ထုတ်လုပ်ဖြန့်ချီခဲ့သော ခနောငါးမှုန့်ကိုအသုံးပြု၍ မြန်မာတို့၏ အနှစ်သက်ဆုံး စားစရာတစ်ခုဖြစ်သော မြန်မာ့အကြိုက်မုန့်ဟင်းခါးဖြင့် မန္တလေးမြို့ စတုဒီသာမဏ္ဍပ်တွင် ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ သင်္ကြန်ပွဲကို ဆင်နွှဲနေသူများအတွက်လည်း ခေတ္တအနားယူချိန်များတွင် အပန်းဖြေနိုင်ရန်အတွက် ဖျော်ဖြေမှုများ၊ ရိုးရာယိမ်းအကများ၊ Beatbox ဖျော်ဖြေမှုများ၊ ပျော်ရွှင်ဖွယ်ဂိမ်းများကိုလည်း စီစဉ်ပေးခဲ့ပါတယ်။ သည့်အပြင် ခနောမှ နာမည်ကျော် သူရသိန်းအဖွဲ့၏ မျက်လှည့်များ၊ ဆပ်ကပ်များနှင့်လည်း ဖျော်ဖြေပေးခဲ့ပါသေးတယ်။

ရန်ကုန်မြို့တွင်တော့ ခနောထရပ်ကားများဟာ လူစည်ကားသောနေရာများ၊ လမ်းများသို့ လှည့်လည်သွားလာ၍ ရိုးရာသင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေပေးခဲ့ပါတယ်။ ဤကဲ့သို့ သင်္ကြန်သီချင်းများ သီဆိုဖျော်ဖြေခြင်းနှင့်အတူ ခနောဝန်ထမ်းများမှလည်း ခနောငါးမှုန့် ကုန်ပစ္စည်းနမူနာများကို စားသုံးသူများဆီသို့ လက်ဆင့်ကမ်း ပေးဝေခဲ့ပါတယ်။

ထိုမျှသာမက မြန်မာတို့၏ဓလေ့အတိုင်း ကြည်နူးဖွယ်ရာ ပစ္စည်းများလှူဒါန်းခြင်းကိုလည်း ခနောမှနေပြီး အဆိုပါမြို့များရှိ ဘုန်းကြီးကျောင်းများတွင် သွားရောက်ပြုလုပ်ပေးခဲ့ပါတယ်။

“အခုလိုအချိန်မျိုးမှာ ဘုန်းကြီးကျောင်းတွေကို ထောက်ပံ့လှူဒါန်းပေးချင်ပါတယ်။ နှစ်တိုင်း ဒီလိုအချိန်မှာဆိုရင် တရားအားထုတ်ဖို့အတွက် ဘုန်းကြီးကျောင်းတွေကို လူအရောက်များပါတယ်။ နောက်ပြီး အစားအစာပြင်ဆင်မှုတွေကလည်း လူအမြောက်အမြားအတွက် ချက်ပြုတ်ပြင်ဆင်ရပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရိုးရာအစားအစာတွေကို ပိုမိုမြန်ဆန်စွာ ပြင်ဆင်ပြီး ပိုပြီးများများကျွေးမွေးနိုင်ဖို့ ခနောထုတ်ကုန်တွေလှူဒါန်းရင်းနဲ့ ကူညီပေးနိုင်မယ်လို့ ကျွန်မတို့ တွေးမိခဲ့တာပါ” လို့ Brand Manager, မချောစုမှ ပြောကြားခဲ့ပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် သင်္ကြန်ပွဲတော်ဟာ အထင်ကရဖြစ်တာကြောင့် ခနောမှနေပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ဆင်နွှဲရာတွင် မြန်မာ့အရသာနှင့်အတူ ပါဝင်လိုခြင်းဖြစ်သည့်အတွက် သဘာဝငါးမှ ရရှိသော ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ထားသည့် မြန်မာ့ရိုးရာမုန့်ဟင်းခါးကို လှူဒါန်းရန်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသွားသည်နှင့်အညီ မြန်မာနှစ်သစ်ကို ပျော်ရွှင်မှုများ၊ စားကောင်းသောက်ဖွယ်များ၊ နှစ်သစ်အတွက် စိတ်သစ်ကိုယ်သစ်၊ မျှော်လင့်ချက်သစ်များ ပိုင်ဆိုင်နိုင်ပါစေကြောင်းကို အားလုံးအတွက် ခနောမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။