ဝက်သားကို ကိုရီးယားစတိုင်သုပ်နည်း နှင့် ထိုင်းစတိုင် သုပ်နည်း နှစ်မျိုး ပြောပြမယ်။ ကိုရီးယားတွေကတော့ ဝက်အသားထက် ဝက်အခေါက်ကြီးပဲ သီးသန့်ပြုတ်ပြီး သုပ်စားကြပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်အသား(သို့)ဝက်အခေါက် – ၂၀၀ ဂရမ်
  • သံပုရာရည် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ငါးငံပြာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ပျားရည် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ထိုင်းငရုပ်သီးအနှစ် – ၃ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငရုပ်သီးမှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်ဖြူ – (အနည်းငယ်)
  • ငရုပ်သီး – ၃ တောင့်
  • ကြက်သွန်မြိတ် – ၂ ပင်
  • နံနံပင် – ၃ ပင်
  • ကြက်သွန်နီ – ၁ လုံး
  • ခရမ်းချဉ်သီး – ၁ လုံး

ပြုလုပ်နည်း

    1. ဝက်သားကို ရေစင်အောင် ဆေးပြီး ဂျင်းအနည်းငယ် ထည့်၍ပြုတ်ပါ။ ဝက်အသားဆိုရင် မိနစ် ၃၀ခန့်၊ ဝက်အခေါက် ဆိုလျှင် ၄၅ မိနစ်ခန့် ရေမြုပ်အောင် ထည့်ပြီး ပြုတ်ရပါတယ်။ ပြုတ်သည့်အခါ ဂျင်းအနည်းငယ် ထည့်ပြီး ပြုတ်ပါက အနံ့ပိုပြီး မွှေးပါတယ်။ ပြုတ်ပြီးပါက ခပ်ပါးပါးအသင့်လှီးထားပါ။
    2. ပန်းကန်လုံး တစ်ခုထဲသို့ ပါဝင်ပစ္စည်းများကို အချိုးအစား အတိုင်းထည့်ပြီး ဆော့ပြု လုပ်ပါ။ ထိုင်းစတိုင် သုပ်မည်ဆိုပါက ပုံတွင် ပြထားသည့် ထိုင်းငရုပ်သီးအနှစ် (Thai Chilli Paste) ထည့်ပြီး ကိုရီးယား စတိုင် သုပ်မည်ဆိုပါက ပုံတွင်ပြထားသည့် ကိုရီးယား ငရုပ်သီးအနှစ် (Gochujang) ထည့်ပေးပါ။
  1. ပြီးနောက် ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်သွန်ဖြူ အနည်းငယ် လှီးထည့်ပြီး ရောမွှေ၍ ဆော့ပြုလုပ်ထားပါ။
  2. ပါဝင်ပစ္စည်းများဖြစ်သည့် (ငရုပ်သီးစိမ်း + ကြက်သွန်မြိတ် + နံနံပင် + ကြက်သွန်နီ + ခရမ်းချဉ်သီး…) တို့ကိုအသင့်လှီးထားပါ။ အဆင်သင့်လှီးထားသည့်ဝက်သား(သို့) ဝက်အခေါက်ကို အသင့်ပြု လုပ်ထားသည့် ဆော့ဖြင့် ရောနှယ်ကာ လှီးထားသည့် အရွက်များ ထည့်ပြီး သုပ်ကာ အရသာရှိစွာ အသင့် စားသုံးနိုင် ပါသည်။ ထိုင်းစတိုင် သုပ်သည်ဆိုပါက အပေါ်တွင် မြေပဲ အနည်းငယ် ဖြူးပြီး အလှဆ င်နိုင်ပါသည်။
  3. (မှတ်ချက်။ ။ပါဝင်ပစ္စည်းများ အတူတူဖြစ်ပါသည် အဓိက ငရုပ်သီး အနှစ်သာ ကွဲသွားပါသည် မိမိကြိုက်နှစ်သက်သည့် နည်းဖြင့် သုပ်စားနိုင် ပါသည်။)

Credit: ဇွဲသုသု