Korean Barbecued Pork Chops

Share this on:

သူငယ်ချင်း တစ်ယောက်က ကိုရီးယား စတိုင် Pork Chop ပြုလုပ်နည်းလေး မေးထားလို့ အလွယ်ကူဆုံး နည်းလေးကို ဖော်ပြ ပေးလိုက်ပါတယ် ။

 

12030393_1648777405401638_8935000993315608407_o 12002902_1648777422068303_3022187630892713948_n

ပါဝင်ပစ္စည်းများ

  • ဝက်သား - ၁ ကီလို
  • Soy-Sauce - ၂ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား(အညို) - ၂ဇွန်း (စားပွဲတင်ဇွန်း)
  • နာနတ်သီးအရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • နှမ်းဆီ - ၁ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ - ၂ မွှာ
  • ဆန်ဝိုင် - ၁ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်ကောင်းမှုန့် - ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငရုပ်ခွဲခြမ်းမှုန့် - ၁ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ဝက်သား အထဲသို့ အရသာ ဝင်စေရန် ဝက်သား မျက်နှာပြင် တစ်ဖက်တစ်ချက်ကို ဓားဖြင့် အရာပေး မွှန်းပေးပါ ။Pork Chop ပြု လုပ်သည့် ဝက်သား အရွယ်အစားနှင့် အထူသည် ပုံတွင် ပြထားသည့် အရွယ်အစားခန့် ဖြစ်ရပါမည် ။
  2. ထို့နောက် အထက်တွင် ဖော်ပြထားသည့် ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံတစ်ခုထဲ ထည့်ပြီး ရောမွှေ၍ ဆော့ပြု လုပ်ပါ ။
  3. ကြက်သွန်ဖြူကို နုပ်နုပ်စင်းပြီး ထည့်ပါ ။ ဆော့ရည်ထဲတွင် ဝက်သားအား ရောနယ် (Marinade) ပြုလုပ်ပြီး အပေါ်တွင် ပလက်စတစ်အုပ်(သို့) ပလက်စတစ်ဖြင့် ထုတ်ပြီး ရေခဲသေတ္တာ ထဲတွင် ၂၅မိနစ်ခန့် ထည့်ထားပါ ။
  4. ထို့နောက် အပြင်သို့ ထုတ်ပြီး ဝက်သားပြားများ အပေါ်သို့ ဆား အနည်းငယ် ဖြူးပေးပြီး အသားကင်သည့် ဒယ်ပြားကို အပူပေး၍ (ရိုးရိုး မကပ်သည့် ဒယ်ပြားကိုလည်း အသုံးပြု လို့ ရပါသည်)  ။
  5. ဆီ လုံးဝ မထည့်ပဲ ဝက်သားပြားများကို တစ်ခုချင်း ထည့်ကာ ဟိုဖက်ဒီဘက် လှန်ပေးကာ ကင်ပါ (အိုးကင်းပူတိုက်ခြင်းဖြစ်သည်) ။
  6. ကင်နေသည့် အချိန်တွင် ကျန်ခဲ့သည့် ဆော့ရည်များအား အိုးတစ်ခု ထဲသို့ ထည့်ပြီး နှစ်မိနစ်ခန့် တည်ထားပါ ။ အသားကင်နေသည့် အချိန်တွင် အသားကင်ပေါ်သို့ ဆော့အရည် အနည်းငယ် စုတ်တံဖြင့် သုတ်ပေးရန် လိုပါသည် ။
  7. အသားကင်များ အကျက်ညီလာပါက ပုံတွင်ပြထားသည့်အတိုင်း မိမိစားချင်သည့် အသီးအနှံများကို ရေနွေးပူပူထဲတွင် ၂မိနစ်ခန့် ထည့်ပြုတ်ကာ ဆယ်ယူပြီး အလှဆင်ကာ ကျန်ရှိနေသော ဆော့အရည်များ အားလုံး အပေါ်တွင် လောင်းချ၍ နှမ်းအနည်းငယ် ဖြူးကာ အသင့်စားသုံးနိုင်ပါသည် ။
Credit: ဇွဲသုသု

Review

User Rating

5 (3 Votes)